Marvel ရဲ့ Ghost Rider ဇာတ်ကားအသစ်မှာ Ghost Rider အဖြစ် ပါဝင်မယ့် မင်းသား ရိုင်ယန် ဂေါ့စလင်း

La La Land ဇာတ်ကား၊ Barbie ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိကြတဲ့ မင်းသားရိုင်ယန် ဂေါ့စလင်းဟာ Marvel ရဲ့ 2028 ခုနှစ် Ghost Rider ဇာတ်ကားအသစ်မှာ Ghost Rider အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ သူ့ကို Star Wars: Starfighter ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတွေဖြစ်တဲ့ Shawn Levy နဲ့ Jonathan Tropper တို့နဲ့အတူ ပြန်လည်ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

Ghost Rider အဖြစ် ပါဝင်မယ်ဆိုတာကို မင်းသား ရိုင်ယန်ဟာ ဇူလိုင် ၂၅ ရက်က ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒါရိုက်တာ Shawn ကလည်း Ghost Rider ဇာတ်ကားနဲ့ပတ်သက်ပြီး ရိုင်ယန်နဲ့ ပြန်လည်ပူးပေါင်းလုပ်ဆောင်ရမယ့်အပေါ် အရမ်းစိတ်လှုပ်ရှားနေပါတယ်။

အရင်က မင်းသားကြီးနစ်ကိုလက်စ် ကေ့ချ်ဟာ Ghost Rider အဖြစ် ၂၀၀၇ ခုနှစ်ရဲ့ Ghost Rider၊ ၂၀၁၁ ခုနှစ်ရဲ့ Ghost Rider: Spirit of Vengeance ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။ အခုတော့ နစ်ကိုလက်စ် ကေ့ချ်က မပါဝင်တော့ဘဲ ရိုင်ယန်က ပါဝင်လာတာဖြစ်ပါတယ်။ မတ်လတုန်းက ရိုင်ယန်ဟာ Ghost Rider အကြောင်း ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပါသေးတယ်။

Ghost Rider ဇာတ်ကားက အဖေဖြစ်သူရဲ့အသက်ကို ကယ်တင်ဖို့ နတ်ဆိုးထံ သူ့ရဲ့ဝိညာဉ်ကိုရောင်းချခဲ့ပြီး မီးလျှံလူသားအဖြစ် ပြောင်းလဲကာ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရသည့် စတန့်သမား ဂျော်နီဘလေဇ် အကြောင်းဖြစ်ပါတယ်။

Ref: Ryan Gosling joins Marvel Cinematic Universe as Ghost Rider

WL (ရိုးရာလေး)

The post Marvel ရဲ့ Ghost Rider ဇာတ်ကားအသစ်မှာ Ghost Rider အဖြစ် ပါဝင်မယ့် မင်းသား ရိုင်ယန် ဂေါ့စလင်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post