ဟောင်ကောင်ဝါရင့်မင်းသားကြီး ပက်ထရစ် စီဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ဂျက်နီဖာ နဲ့ နီကိုလတ်စ်တို့က ဇူလိုင် ၂၀ ရက်နေ့မှာ မျှဝေခဲ့တာပါ။
“ကျွန်မတို့ရဲ့ချစ်လှစွာသောဖခင် ပက်ထရစ် စီ ကွယ်လွယ်သွားကြောင်း အသိပေးရတာ ကျွန်မတို့မိသားစု အလွန်ဝမ်းနည်းပူဆွေးရပါတယ်။ ကျန်းမာရေးမကောင်းလာပြီးတဲ့နောက် ဆေးရုံမှာပဲ မိသားစုတွေဘေးမှာရှိရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ကျွန်မတို့ရဲ့အဖေက သရုပ်ဆောင်နဲ့ အနုပညာရှင်တစ်ဦးအနေနဲ့သာမက သူ့အနီးနားက လူတိုင်းကို ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်သူတစ်ဦးအနေနဲ့လည်း ထူးခြားပြီး အောင်မြင်တဲ့ဘဝနဲ့ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှု၊ ဆွဲဆောင်နိုင်မှု၊ ဟောင်ကောင်ရုပ်ရှင်လောကအတွက် ပံ့ပိုးကူညီမှုတွေက မျိုးဆက်များစွာရဲ့ရင်ထဲ ရောက်စေခဲ့ပြီး လူတော်တော်များများက သူ့ကို ချစ်ခင်စွာ အောက်မေ့သတိရကြမှာပါ”လို့ သမီးဖြစ်သူ ဂျက်နီဖာက ရေးသားထားပါတယ်။
မိသားစုက ဝမ်းနည်းပူဆွေးနေတဲ့အတွက် အခုလိုကာလအတွင်း ကိုယ်ရေးကိုယ်တာကို လေးစားပေးကြဖို့လည်းတောင်းဆိုခဲ့ပါတယ်။ သားဖြစ်သူ မင်းသားနီကိုလတ်စ်ကလည်း “ကျွန်တော့်အဖေ ပတ်ထရစ်က ကျွန်တော်တို့ကို ထားသွားပြီဆိုတာကို အသိပေးရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ပရိသတ်တွေဆီ ပျော်ရွှင်မှုတွေယူဆောင်လာပေးဖို့ မျှော်လင့်ချက်နဲ့ သူ့ဘဝကို အနုပညာလောကထဲ မြှုပ်နှံထားခဲ့တာပါ။ ကျွန်တော် ကလေးဘဝတုန်းက အဖေ စိတ်ဓာတ်ကျနေတဲ့အခိုက်အတန့်တွေကို မြင်ခဲ့ရတယ်။ အဲ့လိုဖြစ်နေပေမဲ့ ရုပ်ရှင်ထဲမှာ အကောင်းဆုံးသရုပ်ဆောင်ပေးခဲ့တယ်”လို့ Weibo အကောင့်မှာ ပို့စ်တင်ခဲ့ပါတယ်။
ဝါရင့်မင်းသားကြီး ပတ်ထရစ်ဟာ ဇူလိုင် ၁၆ ရက်နေ့က သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ တရုတ်မှာ ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေခဲ့တဲ့ နီကိုလတ်စ်က သူ့အဖေရဲ့နာရေးအတွက် ဟောင်ကောင်ကို အလျင်စလိုပြန်လာခဲ့ရတယ်လို့လည်း သိရပါတယ်။
မင်းသားကြီးပတ်ထရစ်က ၁၉၅၉ ပြည့်နှစ်မှာ ဟောင်ကောင်အနုပညာလောကထဲဝင်ရောက်ခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်ခဲ့ပါတယ်။ ပတ်ထရစ်ကို နောက်ဆုံးမြင်တွေ့ခဲ့တာကတော့ ဧပြီလက သူ့သူငယ်ချင်းတွေနဲ့အတူ ကော်ဖီသောက်နေခဲ့တာကိုပါ။ သိသိသာသာပိန်နေပြီး လမ်းလျှောက်ထုတ်ကိုင်ထားပြီး ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်။
Ref: Hong Kong veteran actor Patrick Tse dies aged 89
WL (ရိုးရာလေး)
The post ဟောင်ကောင်အဆိုတော်မင်းသား နီကိုလတ်စ် စီရဲ့ ဖခင် ဝါရင့်မင်းသားကြီး ပက်ထရစ် စီ ကွယ်လွန် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment