ဂျပန်နိုင်ငံ၊ အာမာမိ (Amami) ရွာက တောင်တစ်ခုမှာ တောင်တက်နေရင်း ရေငတ်လို့ အကူအညီလှမ်းတောင်းရာကနေ ဒေသခံ ဂျပန်သက်ကြီးမောင်နှံရဲ့ နွေးထွေး လှိုက်လှဲတဲ့ ဧည့်ခံမှု ရရှိခဲ့တဲ့ အိန္ဒိယအမျိုးသားတစ်ဦးရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ လူပြောများပြီး ကြည်နူးစရာ ဖြစ်ရပ်တစ်ခုပါပဲ။
အဒစ်တရာပါခီ (Aditya Parkhi) လို့ အမည်ရှိတဲ့ အိန္ဒိယအမျိုးသားဟာ တောင်တက်နေတုန်း ရေကုန်သွားတာကြောင့် ရေဝယ်ရမယ့် ကော်ဖီဆိုင်ရှိမလားလို့ အနီးအနားက အိမ်တစ်အိမ်မှာ သွားရောက်မေးမြန်းခဲ့ပါတယ်။
အိမ်ရှင်အဘိုးအိုက ကော်ဖီဆိုင်မရှိကြောင်း ပြောပြီး “ဖျော်ရည် ရရင်ရော အဆင်ပြေလား” လို့ မေးပြီး သူ့အိမ်ထဲကို ဖိတ်ခေါ်ခဲ့တာပါ။ ဂျပန်ဇနီးမောင်နှံက ပါခီကို အိမ်ထဲအထိ ဖိတ်ခေါပြီး ဖျော်ရည်တိုက်တဲ့အပြင် နေ့လယ်စာပါ ကျွေးမွေးခဲ့ကြပါတယ်။
သူတို့ရဲ့ စကားဝိုင်းမှာတော့ ဂျပန်ဇနီးမောင်နှံက ပါခီရဲ့ အလုပ်အကိုင်အကြောင်း မေးမြန်းခဲ့ကြပြီး သူတို့လည်း အိန္ဒိယအစားအစာတွေဖြစ်တဲ့ ကာရီဟင်းနဲ့ ဘီယာနီ (ဒန်ပေါက်) ကို ကြိုက်တယ်လို့ ပြောခဲ့ကြပါတယ်။
ပါခီက “ကျွန်တော် ရေပဲ တောင်းခဲ့တာပါ” ဆိုတဲ့ စာသားနဲ့အတူ Instagram ပေါ်မှာ ဒီရုပ်သံမှတ်တမ်းကို မျှဝေခဲ့ရာမှာ ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး ဂျပန်လူမျိုးတွေရဲ့ စိတ်ထားမွန်မြတ်ပုံ၊ ယဉ်ကျေးပျူငှာပုံနဲ့ ဧည့်ဝတ်ကျေပွန်မှုတွေက “တကယ့်ကို စိတ်နွေးထွေးတယ်” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref: Indian man asks for water in Japanese village, ends up having lunch with elderly couple: ‘I just asked for water’
NZ (ရိုးရာလေး)
The post လူမှုကွန်ရက်မှာ လူပြောများနေတဲ့ ဂျပန်ဇနီးမောင်နှံရဲ့ ဧည့်ဝတ်ကျေပွန်မှု appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment