အသက် ၂၂ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တဲ့ အိန္ဒိယမင်းသမီးလေး ဆန်ချီတာ ယူဂယ်

လူကြိုက်အများဆုံးအိန္ဒိယဇာတ်လမ်းတွဲတွေဖြစ်တဲ့ Kumkum Bhagya နဲ့ Wagle Ki Duniya မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး လူသိများခဲ့တဲ့ အိန္ဒိယတီဗီဇာတ်လမ်းတွဲသရုပ်ဆောင်မင်းသမီး ဆန်ချီတာ ယူဂယ်ဟာ ဇွန် ၁၄ ရက်နေ့က ကိုယ့်ကိုယ်ကိုအဆုံးစီရင်ကာ သေဆုံးသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်က Sai Santoshi အဆောက်အဦးရှိ သူနေထိုင်တဲ့နေရာမှာ ဖြစ်ပွားခဲ့တာပါ။ ဆန်ချီတာက ည ၇ နာရီနဲ့ ၇ နာရီခွဲဝန်းကျင်ကြား သူ့ရဲ့အိမ်ခန်းတံခါးကို လော့ခ်ချပြီး အခန်းအတွင်း မျက်နှာကြက်ပန်ကာမှာ ဆာရီကို အသုံးပြုကာ ကြိုးဆွဲချခဲ့တာဖြစ်ပါတယ်။ သူ့မိသားစုဝင်နဲ့ အိမ်နီးချင်းတွေက သူ့ကို Vasai-Virar Municipal Hospital ဆီ အမြန်ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားခဲ့ပြီးပါပြီ။

ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရခြင်းအကြောင်းအရင်းအတိအကျကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေကြပါတယ်။ ဒီသတင်းဟာ အနုပညာနယ်ပယ်ကလူတွေနဲ့ သူ့ပရိသတ်တွေကို ထိတ်လန့်သွားစေခဲ့ပါတယ်။

Ref: Kumkum Bhagya Actor Sanchita Ugale, 22, Dies By Suicide Near Mumbai

WL (ရိုးရာလေး)

The post အသက် ၂၂ နှစ်အရွယ်မှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တဲ့ အိန္ဒိယမင်းသမီးလေး ဆန်ချီတာ ယူဂယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post