သူ့အိမ်ကို အမေရိကန်ဒေါ်လာ ၈၃၀၀ အကုန်အကျခံပြီး ရေတားစနစ် တပ်ဆင်ခဲ့တုန်းကတော့ အိမ်နီးနားချင်းတွေက ရန်ဒီဝက်ဂ်နာကို လှောင်ပြောင်ခဲ့ကြပါတယ်။
အမေရိကန်ပြည်နယ်၊ တက္ကဆက်ပြည်နယ်မှာ နေထိုင်တဲ့ ရန်ဒီ ဝဂ်နာ (Randy Wagner) ဟာ ၂၀၁၆ ခုနှစ်မှာ “AquaDam” ဆိုတဲ့ ရေဖြည့်အသုံးပြုရတဲ့ ပလတ်စတစ် ရေတားတံတိုင်းတစ်ခုကို ဝယ်ယူတပ်ဆင်ခဲ့တာပါ။

AquaDam ဟာ အလျား ပေ ၄၀၀ ရှိပြီး အမြင့် ၃ ပေနီးပါး ရှိပါတယ်။ ဘရာဇို့စ်မြစ် ရေလျှံလာတော့မယ်ဆိုတဲ့ သတင်းတွေကြားရတဲ့အခါ ဝဂ်နာဟာ လူဝီစီးယားနားပြည်နယ်အထိ ကိုယ်တိုင်သွားရောက်ကာ ဒီပစ္စည်းကို ဝယ်ယူခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေက သူ့ရဲ့ လုပ်ရပ်ကို ရူးမိုက်တယ်လို့ ထင်မြင်ခဲ့ကြပြီး “ပလတ်စတစ်အိတ်ကြီးနဲ့ အိမ်ကို ပတ်ထားရုံနဲ့ ရေကြီးတာကို ဘယ်လိုတားမလဲ” လို့ လှောင်ပြောင်ခဲ့ကြတာပါ။
ဒါပေမဲ့ ရေတကယ်ကြီးလာတဲ့အခါမှာတော့ ဝက်ဂ်နာရဲ့ ကြိုတင်စီမံမှုဟာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်က အိမ်တွေအားလုံး ရေ ၂ ပေကျော် မြုပ်သွားပြီး ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရချိန်မှာ ဝက်ဂ်နာရဲ့ အိမ်ကတော့ အဆိုပါ ရေတားတံတိုင်းကြောင့် တစ်စက်ကလေးမှ ရေမဝင်ခဲ့ပါဘူး။ အဲဒီအတွက် သူဟာ ပြင်ဆင်စရိတ် ဒေါ်လာ ၁ သိန်းခွဲ၊ ၂ သိန်းလောက် ကုန်ကျမယ့် အခြေအနေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။

Ref: Texas man uses 400ft plastic dam he found on the Internet to protect his house from record 27-inch floods – and it worked!
NZ (ရိုးရာလေး)
The post လှောင်ပြောင်မှုတွေကို အံတုပြီး မိမိအိမ်ကို ရေဘေးကနေ ကယ်တင်နိုင်ခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment