၂၀၁၅ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို The Drama ဇာတ်ကားအထူးပြပွဲမှာ ပြန်လည်ဝတ်ဆင်လာခဲ့တဲ့ ဇန်ဒါယာ

မင်းသမီး ဇန်ဒါယာဟာ မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ The Drama ဇာတ်ကားအထူးပြပွဲမှာ အဖြူရောင်ပခုံးပြတ်ဂါဝန်ကို ဝတ်ဆင်လာခဲ့ပါတယ်။ ထူးခြားတာက အဲ့ဒီဝတ်စုံဟာ ၂၀၁၅ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ သူဝတ်ဆင်ခဲ့ဖူးတဲ့ဝတ်စုံပါပဲ။

ဇန်ဒါယာကို သူ့ရဲ့ဇာတ်ကားတွေ ပရိုးမိုးရှင်းလုပ်ရင် ဇာတ်ကားရဲ့ Theme နဲ့ လိုက်ဖက်တဲ့ဝတ်စုံမျိုးကို ဝတ်ဆင်တတ်တယ်လို့ သိထားကြပါတယ်။ The Drama ဇာတ်ကားအထူးပြပွဲတက်ရောက်တော့ ပရိသတ်တွေက သူ့ရဲ့ဇာတ်ကားကို ဘယ်လိုဖက်ရှင်မျိုးနဲ့ပြသမလဲလို့ မျှော်လင့်နေကြတာပါ။

The Drama ဇာတ်ကားက စေ့စပ်ထားတဲ့စုံတွဲရဲ့မင်္ဂလာပွဲမတိုင်ခင် မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေဖြစ်လာတဲ့အကြောင်းဖြစ်တဲ့အတွက် ဒီဝတ်စုံကို ပြန်ဝတ်လာခဲ့တာဖြစ်နိုင်ပါတယ်။ သူက ဒီဇာတ်ကားအတွက် ဘာဝတ်ရင်ကောင်းမလဲစဉ်းစားခဲ့တယ်။ “‘Something old, something new, something borrowed, something blue” (သတို့သမီးတွေမင်္ဂလာဆောင်နေ့မှာ ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုတွေရရှိစေဖို့ ဝတ်ဆင်ရတဲ့အရာတွေ) ဆိုတဲ့ ဗစ်တိုးရီးယားခေတ် အင်္ဂလိပ်ရိုးရာတစ်ခုကို အမှတ်ရခဲ့တယ်။ ဒါကြောင့် ဒီဝတ်စုံက သူ့ရဲ့ဟောင်းနွမ်းတဲ့ပစ္စည်းဖြစ်ခဲ့တယ်။ ဒါကို ပြန်ဝတ်ပြီး ပြန်အသက်ဝင်စေမယ်လို့ တွေးခဲ့တယ်။ ဒါက သူ့အတွက် အရမ်းအဓိပ္ပာယ်ရှိတယ်။ မင်္ဂလာဝတ်စုံတစ်စုံလည်းဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာ သူ ဝတ်ဆင်ခဲ့တဲ့ အဲ့ဒီဝတ်စုံက ဒီဇိုင်နာ Vivienne Westwood ဖန်တီးခဲ့တဲ့ သတို့သမီးဝတ်စုံဖြစ်ပြီး ပွဲတက်ဝတ်စုံအဖြစ် ဝတ်ဆင်ခဲ့တာပါ။

The Drama မှာ ဇန်ဒါယာက မင်းသားရောဘတ်ပတ်တင်ဆန်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ဧပြီ ၃ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: Zendaya rewears 2015 Oscars dress to ‘The Drama’ premiere

WL (ရိုးရာလေး)

The post ၂၀၁၅ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကို The Drama ဇာတ်ကားအထူးပြပွဲမှာ ပြန်လည်ဝတ်ဆင်လာခဲ့တဲ့ ဇန်ဒါယာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post