“အချစ်လှေကားထစ်လေးများ” ဇာတ်လမ်းတွဲနဲ့ “ဆုန်ဂျူး” အဖြစ် နာမည်ရခဲ့တဲ့ မင်းသားဂွမ်ဆန်ဝူးနဲ့ မင်းသမီး ဆွန်တေးယောင်တို့ရဲ့သားဖြစ်သူ ဂွမ်ရုဟီးဟာ မိဘတွေဆီကနေ ရုပ်ရည်ကြည့်ကောင်းမှုကို အမွေဆက်ခံထားပုံရပါတယ်။ အခုဆို ရုဟီးက အသက် ၁၇ နှစ်အရွယ်တောင်ရောက်နေပြီး လူအများရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ယက်အကောင့်ကို စသုံးနေပြီး သူ့အဖေနဲ့အတူရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုလည်း တင်ထားပါတယ်။
ရုဟီးက ဆန်ဝူးရဲ့မျက်နှာပေါက်မျိုး ပိုင်ဆိုင်ထားပြီး သူတို့သားအဖရဲ့ဓာတ်ပုံက လူမှုကွန်ယက်မှာ ပျံ့နှံ့ဖို့ အချိန်သိပ်မကြာခဲ့ပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေက ရုဟီးရဲ့မျက်နှာကို Zoom ဆွဲပြီးတော့တောင် ကြည့်ခဲ့ကြပါတယ်။
ရုဟီးဟာ ၂၀၁၉ ခုနှစ်ကတည်းက မိခင်တေးယောင်၊ ညီမဖြစ်သူတို့နဲ့ နယူးဂျာစီပြည်နယ်မှာ နေထိုင်နေခဲ့တာပါ။ ဖခင်ဆန်ဝူးကတော့ တောင်ကိုရီးယားမှာ အနုပညာအလုပ်တွေလုပ်ကိုင်နေပြီး ကိုရီးယားနဲ့ နယူးဂျာစီကို သွားလိုက်ပြန်လိုက်လုပ်ကာ မိသားစုကို အချိန်ပေးဖြစ်ပါတယ်။
ရုဟီးရဲ့ အရပ်အမောင်းက ၁၈၂ စင်တီမီတာ ( ၆ ပေကျော်) ပြီး ကေပေါ့ပ်အိုင်ဒေါတွေရဲ့ရုပ်ဆင်းအသွင်အပြင်တောင်ရှိပြီးသားပါ။ သူက ကျောင်းဘောလုံးအသင်းရဲ့အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ လအနည်းငယ်ကြာရင် အထက်တန်းအောင်မြင်တော့မှာဖြစ်ပြီး နယူးယောက်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့ မျှော်လင့်ထားပါတယ်။ ဘယ်လမ်းကြောင်းကို ရွေးမလဲဆိုတာကတော့ မသေချာသေးဘူးလို့ သိရပါတယ်။
Ref: Kwon Sang Woo’s Son, 17, Turning Heads After Sharing His First Social Media Post
WL (ရိုးရာလေး)
The post ” ဆုန်ဂျူး ” အဖြစ်နာမည်ရခဲ့တဲ့ မင်းသား ဂွမ်ဆန်ဝူး ရဲ့ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ သားဖြစ်သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment