အကျဉ်းထောင်ထဲမှာ နာရီပေါင်းရာချီ အလုပ်လုပ်ပြီး ရလာတဲ့လုပ်ခကို ဂါဇာဒေသအတွက် လှူဒါန်းပေးခဲ့တဲ့ အကျဉ်းသား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အကျဉ်းသားတစ်ဦးဟာ အကျဉ်းထောင်အတွင်း နာရီပေါင်း ၁၀၀ ကျော် အလုပ်လုပ်ရာကနေ ရရှိလာတဲ့ ငွေကြေးကို ဂါဇာဒေသ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လှူဒါန်းခဲ့ပါတယ်။

ဟမ်ဇာလို့ အမည်ရတဲ့ အကျဉ်းသားဟာ ထောင်ထဲမှာ ကျောင်းစောင့်အလုပ်၊ ကုန်ထမ်းသမားအလုပ်တွေ လုပ်သူဖြစ်ပြီး တစ်နာရီလုပ်ခ ၁၃ ဆင့်ပဲ ရပါတယ်။ သူဟာ နာရီပေါင်း ၁၃၆ နာရီကျော် အလုပ်လုပ်ခဲ့တဲ့ လုပ်အားခ အမေရိကန်ဒေါ်လာ ၁၇.၇၄ ဒေါ်လာကို ဂါဇာဒေသအတွက် လှူဒါန်းခဲ့တာပါ။

ဟမ်ဇာရဲ့ လုပ်ရပ်က လူအများအပြားရဲ့ စိတ်နှလုံးကို ညို့ငင်ဖမ်းစားနိုင်ခဲ့တာကြောင့် ဒီသတင်းဟာ အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ဟမ်ဇာရဲ့အမည်နဲ့ လှူဒါန်းပေးတဲ့ အလှူငွေ ဒေါ်လာ ၁ သိန်းကျော် ရရှိခဲ့ပါတယ်။

Ref: California prisoner donates earnings from 13-cent hourly wage to Gaza

NZ (ရိုးရာလေး)

The post အကျဉ်းထောင်ထဲမှာ နာရီပေါင်းရာချီ အလုပ်လုပ်ပြီး ရလာတဲ့လုပ်ခကို ဂါဇာဒေသအတွက် လှူဒါန်းပေးခဲ့တဲ့ အကျဉ်းသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post