သီချင်းမူပိုင်ခွင့်တွေကို ရောင်းချလိုက်တဲ့ အဆိုတော် ဘရစ်တနီ စပီးယား

ကမ္ဘာကျော်အဆိုတော် ဘရစ်တနီ စပီးယားဟာ သူ့ရဲ့သီချင်းမူပိုင်ခွင့်တွေကို ရောင်းချလိုက်ပါပြီ။ သူဟာ Baby One More Time, Gimme More, I’m a Slave 4 U, Sometimes, Stronger စတဲ့ သီချင်းတွေရဲ့မူပိုင်ခွင့်ရှယ်ယာတွေအတွက် Primary Wave သီချင်းထုတ်လုပ်ရေးကုမ္ပဏီနဲ့သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့တာပါ။

ဘရစ်တနီက ဒီသဘောတူညီချက်ကို ဒီဇင်ဘာ ၃၀ ရက်နေ့က သဘောတူခဲ့တာဖြစ်ပြီး ဘယ်လောက်နဲ့ ရောင်းချခဲ့တယ်ဆိုတာကိုတော့ မဖော်ပြခဲ့ပေမဲ့ သတင်းအရင်းအမြစ်တွေအရ ဂျက်စတင်ဘီဘာရောင်းချခဲ့စဉ်က ပြုလုပ်ခဲ့တဲ့ သဘောတူညီချက် ကန်ဒေါ်လာ သန်း ၂၀၀ နဲ့ အတူတူပဲဖြစ်တယ်လို့ ဆိုထားပါတယ်။

သဘောတူညီချက်မှာ ဘရစ်တီနီရဲ့မူပိုင်ခွင့်နဲ့ ထုတ်ဝေခွင့်တွေ ပါဝင်ပေမဲ့ သူ့နာမည်နဲ့ ပုံတူမူပိုင်ခွင့်တွေ ထည့်မထားဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဘရစ်တီနီက ရောင်းချမှုအပေါ် ကျေနပ်အားရနေပြီး သားတွေနဲ့အတူ အချိန်ဖြုန်းပြီးအောင်ပွဲခံနေတယ်လို့ သိရပါတယ်။

Ref: Britney Spears sells her music catalogue

WL (ရိုးရာလေး)

The post သီချင်းမူပိုင်ခွင့်တွေကို ရောင်းချလိုက်တဲ့ အဆိုတော် ဘရစ်တနီ စပီးယား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post