အမေရိကန်ကနေ တရုတ်နိုင်ငံကို ပြန်ရောက်ပြီး ၃ နှစ်နီးပါးအကြာမှာ ကျန်းမာဝဖြိုးနေပြီဖြစ်တဲ့ ပန်ဒါကြီးယာယာ

အမေရိကန်နိုင်ငံ၊ Memphis Zoo မှာ နှစ် ၂၀ နေထိုင်ခဲ့တဲ့ ပန်ဒါကြီးယာယာကို အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ မကြာသေးခင်ကမှ မြင်တွေ့ခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ Beijing Zoo က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ ယာယာဟာ ကျန်းမာဝဖြိုးလို့နေပါတယ်။

ယာယာက အမေရိကန်နိုင်ငံကနေ တရုတ်နိုင်ငံကို ၂၀၂၃ ခုနှစ် ဧပြီ ၂၇ ရက်နေ့က ပြန်ရောက်ရှိခဲ့ပြီး Beijing Zoo မှာ နေထိုင်နေတာပါ။ အမေရိကန်မှာ ရှိနေစဉ်က ယာယာဟာ ပိန်ပိန်ပါးပါးနဲ့ အဟာရချို့တဲ့နေသလိုဖြစ်နေခဲ့တာပါ။

အခုဆို ယာယာရဲ့ကျန်းမာဝဖြိုးနေတဲ့အသွင်အပြင်ဟာ တရုတ်လူမှုကွန်ယက်မှာ ရေပန်းစားနေတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ ယာယာက တရုတ်နိုင်ငံကို ပြန်ရောက်တဲ့အချိန်မှာ ကိုယ်အလေးချိန် ၇၅ ကီလိုဂရမ်သာရှိပါတယ်။ သူ ပြန်ရောက်လာပြီး ၃ နှစ်နီးပါးအကြာမှာ ကိုယ်အလေးချိန် ၉၅ ကီလိုဂရမ်ရှိနေပါပြီ။

ယာယာရဲ့ခန္ဓာကိုယ်အခြေအနေကလည်း တိုးတက်နေပါပြီ။ သူ့ကိုယ်အလေးချိန်က အသက်ကြီးတဲ့ပန်ဒါကြီးတွေအတွက် သင့်တော်တဲ့ပမာဏအတွင်း ရှိပြီး တည်ငြိမ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်အားလုံးကလည်း ကောင်းမွန်တယ်လို့ တိရစ္ဆာန်ဆရာဝန်တွေက အကဲဖြတ်ထားပါတယ်။

၂၀၀၀ ခုနှစ် ဩဂုတ် ၃ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ယာယာကို Memphis Zoo မှာရှိနေစဉ်က သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး တိရစ္ဆာန်စောင့်ရှောက်ရေးလှုပ်ရှားသူတချို့က စိုးရိမ်ခဲ့ရပါတယ်။ ပန်ဒါကြီးကို နှိပ်စက်ညှဉ်းပန်းမှုမရှိဘူးလို့ Memphis Zooက ငြင်းဆိုကာ သူ့ရဲ့မျိုးရိုးဗီဇက သူ့ရဲ့အရွယ်အစားသေးငယ်ရခြင်းရဲ့အကြောင်းအရင်းဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

Ref: Malnourished-looking panda in US zoo returns to China & gains 20kg

WL (ရိုးရာလေး) 

The post အမေရိကန်ကနေ တရုတ်နိုင်ငံကို ပြန်ရောက်ပြီး ၃ နှစ်နီးပါးအကြာမှာ ကျန်းမာဝဖြိုးနေပြီဖြစ်တဲ့ ပန်ဒါကြီးယာယာ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post