ဇာတ်ညွှန်းရေးသားနေတဲ့အဆင့်မှာရှိနေတဲ့ ” Extraordinary Attorney Woo Season 2 “

ပရိသတ်တွေကြား “ Woo to the Young to the Woo …. Dong to the Geu to the Ra-Mi ”ဆိုတဲ့စကားလေး ရေပန်းစားစေခဲ့တဲ့ Extraordinary Attorney Woo ကိုရီးယားဇာတ်လမ်းတွဲရဲ့ Season 2 ဟာ ကြိုတင်ထုတ်လုပ်မှုအဆင့်မှာရှိနေပြီး ဇာတ်ညွှန်းရေးဆရာ မွန်ဂျီဝန်းက လက်ရှိမှာ ဇာတ်ညွှန်းရေးသားလို့နေပါတယ်။

ထုတ်လုပ်ရေးကုမ္ပဏီ AStory က နိုင်ငံတကာမှာ Season 1 အောင်မြင်ပြီး ပြန်လည်ရိုက်ကူးမှုတွေရှိခဲ့တဲ့အတွက် Season 2 ကို ရိုက်ကူးဖို့ဖြစ်လာခဲ့တာပါ။ Season 2 အတွက် ထုတ်လုပ်ရေးက ပုံမှန်အတိုင်းလုပ်ဆောင်နေပြီး ဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းကို ရေးသားလို့နေတယ်လို့ အတည်ပြုပြောဆိုထားပါတယ်။

Extraordinary Attorney Woo Season 1 ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူတွေက Season 2 ထွက်ရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။ AStory ဟာ အစက Season 2 ကို ၂၀၂၄ ခုနှစ်မှာ ထွက်ရှိပေးဖို့ ရည်ရွယ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မွန်ဂျီဝန်းနဲ့ ဇာတ်ညွှန်းရေးသားမှုစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းရေးသားတဲ့လုပ်ငန်းစဉ်နှောင့်နှေးမှုတွေကြောင့် သရုပ်ဆောင်ရွေးချယ်မှုကို ရွှေ့ဆိုင်းခဲ့ပါတယ်။ Season 1 မှာ အော်တစ်ဇင်ရှေ့နေဝူယောင်ဝူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးပတ်အန်ဘင်းကလည်း Season 2 အတွက် သရုပ်ဆောင်ရွေးချယ်မှုနဲ့ပတ်သက်ပြီး တရားဝင်ဆက်သွယ်မှုမရသေးကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်ရွေးချယ်တာပြီးသွားတဲ့အခါ ထုတ်လုပ်ရေးက ရိုက်ကူးရေးကို စတင်မှာဖြစ်ပါတယ်။ Season 2 မှာ Season 1 က သရုပ်ဆောင်တွေ ပြန်ပါဝင်လာမှာလားဆိုတာကို လူအများစိတ်ဝင်စားလို့နေပါတယ်။

Ref: Extraordinary Attorney Woo Season 2 Enters Scriptwriting Phase, Production Underway

WL (ရိုးရာလေး)

The post ဇာတ်ညွှန်းရေးသားနေတဲ့အဆင့်မှာရှိနေတဲ့ ” Extraordinary Attorney Woo Season 2 “ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post