ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ နိုင်ငံရပ်ခြားမှာ တိတ်ဆိတ်ငြိမ်သက်တဲ့ ဘဝသစ်ကို စတင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လို့နေပါတယ်။ အမေရိကန်နိုင်ငံကနေ ထွက်ခွာပြီး ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ဖို့ အလားလာရှိနေတာပါ။
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မှာ ရှိတဲ့ ဂျိုလီရဲ့ အိမ်ကြီးကိုလည်း ဝယ်ယူမယ့်သူတွေက လာရောက်ကြည့်ရှုနေကြတယ်လို့ သိရပါတယ်။ ဂျိုလီက အဲ့ဒီအိမ်ကြီးကို ၂၀၁၆ ခုနှစ်က ကန်ဒေါ်လာ၂၅ သန်းနဲ့ ဝယ်ယူထားခဲ့တာပါ။
ဂျိုလီက နယူးယောက်၊ ဥရောပနဲ့ ကမ္ဘောဒီးယားစတဲ့ နေရာ ၃ နေရာမှာ သူ့အချိန်တွေကို ကုန်ဆုံးမှာဖြစ်တယ်လို့ တခြားအရင်းအမြစ်တွေက ဆိုထားပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ရုပ်ရှင်ပွဲတော်တစ်ခုမှာ ဂျိုလီကို ဘယ်နေရာမှာ နေထိုင်ဖို့ စိတ်ကူးထားလဲလို့ မေးမြန်းခဲ့စဉ်က “ကျွန်မရဲ့နှလုံးသားထဲမှာ ကမ္ဘောဒီးယားပါပဲ” လို့ ဖြေကြားခဲ့တာပါ။
ဂျိုလီက ၂၀၀၁ ခုနှစ်ရဲ့အက်ရှင်ဇာတ်ကား Tomb Raider ကို ရိုက်ကူးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်ခဲ့တာပါ။ ရုပ်ရှင်ဇာတ်ကားထွက်ရှိပြီး ၁ နှစ်အကြာမှာ ကမ္ဘောဒီးယားနိုင်ငံက မိဘမဲ့ဂေဟာကနေ သူ့ရဲ့ပထမဆုံးကလေးဖြစ်တဲ့ Maddox ကို မွေးစားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကမ္ဘောဒီးယားမှာ အိမ်ခြံမြေတစ်ခုကို ဝယ်ယူခဲ့ပြီး အိမ်ပတ်လည်မှာ မြေဧက ၁၄၈၀၀၀ ကျော်ကို ပိုင်ဆိုင်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂျိုလီက ၂၀၀၅ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဘုရင်ဆီကနေ နိုင်ငံသားခံယူခွင့်ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ခမာနီခေတ်က အသက်ရှင်ကျန်ရစ်သူတစ်ဦးရဲ့အတ္ထုပ္ပတ္တိကို ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ပြီးတော့ ကမ္ဘောဒီးယားနိုင်ငံနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးကို ဆက်လက်ပြသခဲ့ပါသေးတယ်။
ဂျိုလီက ၂၀၂၆ခုနှစ် ဇူလိုင်လမှာ သူ့ရဲ့အမြွှာကလေးနှစ်ယောက် အသက် ၁၈ နှစ်ပြည့်တာနဲ့ ပြောင်းရွှေ့ဖို့ မျှော်လင့်ထားတယ်လို့ သတင်းအရင်းအမြစ်က ဆိုထားပါတယ်။
Ref: Angelina Jolie considering leaving US for Cambodia, where she holds citizenship
WL (ရိုးရာလေး)
The post အမေရိကန်ကနေ ထွက်သွားပြီး နိုင်ငံသားအဖြစ်ခံယူထားတဲ့ ကမ္ဘောဒီးယားမှာ သွားရောက်နေထိုင်ဖို့ စဉ်းစားနေတဲ့ အိန်ဂျလီနာဂျိုလီ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment