ဂျပန်ဝန်ကြီးချုပ်နဲ့အတူ နာမည်ကြီးကိုရီးယားသီချင်း ၂ ပုဒ်ကို ဒရမ်တီးခတ်ဖျော်ဖြေခဲ့တဲ့ တောင်ကိုရီးယားသမ္မတ

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချိတို့ဟာ ဇန်နဝါရီ ၁၃ ရက်နေ့ က ထိပ်သီးအစည်းအဝေးအပြီးမှာ အတူတူဒရမ်တီးခတ်ဖျော်ဖြေပေးခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ဂျပန်ဝန်ကြီးချုပ်ရဲ့ဇာတိမြို့ဖြစ်တဲ့ နာရာမြို့မှာ တွေ့ဆုံဆွေးနွေးပြောဆိုခဲ့ကြတာပါ။

ဒါဟာ ၁၅ နှစ်အတွင်း တောင်ကိုရီးယားသမ္မတတစ်ဦးဟာ တိုကျိုမဟုတ်တဲ့ ဂျပန်မြို့ ၁ မြို့ကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးရဲ့ရလဒ်နဲ့ ပတ်သက်ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုအပြီးမှာ ဂျပန်ဘက်က အံ့အားသင့်စရာပွဲတစ်ပွဲကို ပြင်ဆင်ထားခဲ့တာပါ။

နိုင်ငံခေါင်းဆောင်နှစ်ဦးက အပြာရောင်ဆင်တူဝတ်စုံဝတ်ဆင်ကာ K-POP Demon Hunters အန်နီးမေးရှင်းဇာတ်ကားထဲက Golden သီချင်းနဲ့ ကမ္ဘာကျော်အဆိုအဖွဲ့ BTS ရဲ့ Dynamite သီချင်းတွေကို ဒရမ်တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။ ဒီလိုဖျော်ဖြေတင်ဆက်တဲ့ပွဲက ခေါင်းဆောင် ၂ ဦးအကြား ဓာတုဗေဒမိတာနဲ့ ကိုယ်ရေးကိုယ်တာဆက်ဆံရေးကောင်းတာကို ပြသဖို့ဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့အဆိုအရ သိရပါတယ်။

တောင်ကိုရီးယားသမ္မတက သူ့ရဲ့တစ်သက်တာအိပ်မက်ကို ဖြည့်ဆည်းနိုင်သွားပြီလို့ ပြောပါတယ်။ “ကျွန်တော် ငယ်ငယ်ကတည်းက ဒရမ်တီးချင်ခဲ့တာပါ”တဲ့။ အဲ့ဒီနောက် ဂျပန်ဝန်ကြီးချုပ်က တောင်ကိုရီးယားသမ္မတကို ဒရမ်တီးတဲ့တုတ်ချောင်း ၁ စုံကို လက်ဆောင်ပေးခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးက ဒရမ်တီးတဲ့ တုတ်ချောင်းတွေမှာ လက်မှတ်ရေးထိုးခဲ့ပြီး အပြန်အလှန် လဲလှယ်ခဲ့တယ်ကြတယ်လို့ သိရပါတယ်။

Ref: Japan & Korea PMs play drums after Nara summit, performs ‘Golden’ from K-POP Demon Hunters

WL (ရိုးရာလေး)

The post ဂျပန်ဝန်ကြီးချုပ်နဲ့အတူ နာမည်ကြီးကိုရီးယားသီချင်း ၂ ပုဒ်ကို ဒရမ်တီးခတ်ဖျော်ဖြေခဲ့တဲ့ တောင်ကိုရီးယားသမ္မတ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post