ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် OPPO က ယခင်အခါက ထိုင်းနိုင်ငံမှာ Tablet တွေ ကူညီထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက်မှာတော့ နောက်ထပ် အာရှနှင့် အာဖရိကရှိ နိုင်ငံ ၅ နိုင်ငံသို့ Tablet အရေအတွက် ၁,၀၀၀ လုံး လှူဒါန်းကူညီမည်ဖြစ်ကြောင်း ကတိကဝတ်ပြုခဲ့ကာ အခုအခါမှာတော့ OPPO က အဆိုပါ ကတိကို အောင်မြင်စွာ ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (UNESCO) နှင့် Children’s Programming Education Brand တို့နှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ “Technology for Mankind, Kindness for the World” ဆိုတဲ့ဆောင်ပုဒ်ကို ထောက်ခံသောအားဖြင့် OPPO က ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေကို အသုံးချကာ ပညာရေးတန်းတူညီမျှမှုနှင့် ဒစ်ဂျစ်တယ်လှုပ်ရှားမှုတွေမှာ ပါဝင်လာနိုင်ခွင့်တွေ တိုးတက်လာစေနိုင်ဖို့ ဆက်လက် ကူညီအားပေးလျက်ရှိပါတယ်။
ထိုင်းနိုင်ငံရှိ Pilot School များတွင် ဒစ်ဂျစ်တယ်သင်ကြားရေးကို လက်ခံအသုံးချစေခြင်း
ဒီဇင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က ထိုင်းနိုင်ငံ ရဲ့ AI နှင့် Digital Innovation Practice Day အခမ်းအနားမှာ Lampang Kanlayanee School နှင့် Rayongwittayakom School အမည်ရ Pilot School နှစ်ကျောင်းဆီသို့ Tablet အလုံးအရေအတွက် (၂၀၀) ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ OPPO Thailand ရဲ့ Chief Operating Officer ဖြစ်သူ Patrick Zhang က Tablet တွေကို တရားဝင် လှူဒါန်း လွှဲပြောင်းခဲ့ပြီး အဆိုပါ Tablet တွေကို ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေက အဆင့်မြင့် Programming လေ့ကျင့်မှုတွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။
၎င်း Tablet တွေမှာဆိုရင် UNESCO နှင့် CODEMAO တို့ ပူးပေါင်းဆောင်ရွက်ထားတဲ့ “Youth Coding Initiative” က Programming သင်တန်းတွေကို ထည့်သွင်းထားမှာဖြစ်ပြီး အဆိုပါ သင်တန်းတွေက အာဖရိကနှင့် အာရှဒေသတွေမှာ နည်းပညာကို လုံခြုံစိတ်ချရကာ အားလုံးပါဝင်လာနိုင်မဲ့ ပုံစံဖြင့် အသုံးချနိုင်ရေးအတွက်တင်သာမက ပညာရေးတန်းတူညီမျှမှုကိုပါ မြှင့်တင်နိုင်စေဖို့ ရည်ရွယ်ထားတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်။

Tablet လှူဒါန်းမှုတွေမှတစ်ဆင့် အာရှနှင့် အာဖရိကဒေသတွေမှာ ဒစ်ဂျစ်တယ်လှုပ်ရှားမှုကို ယခင်ထက် ပိုမို မြှင့်တင်ခြင်း
ထိုင်းနိုင်ငံထံသို့ Tablet လှူဒါန်းခြင်းဟာ သာမန်လှူဒါန်းမှုတစ်ခုအဖြစ်သာမဟုတ်ဘဲ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကြေညာကတိပြုခဲ့တဲ့OPPO ရဲ့ ကတိကဝတ်ဖြစ်တဲ့ ထိုင်း၊ ကွန်ဂို၊ ဘရာဇာဗီးလ်၊ ကင်ညာ၊ နာမီးဘီးယားနှင့် ကို့တ်ဒီဗွာ နိုင်ငံတွေမှာရှိတဲ့ ကျောင်းများထံသို့ Tabletစုစုပေါင်း အလုံးအရေအတွက် (၁,၀၀၀) အထိ ထောက်ပံ့လှူဒါန်းသွားမယ်ဆိုတဲ့ လှူဒါန်းထောက်ပံ့မှု အစီအစဉ်ကြီးရဲ့ နောက်ဆုံးအဆင့် အောင်မြင်ပြီးဆုံးကြောင်းကို ဖော်ပြနေတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။
UNESCO နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ယခုအစီအစဉ်ဟာဆိုရင် ကွန်ဂို ၊ ဘရာဇာဗီးလ် ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နည်းပညာအသစ်တွေအပေါ် အခြေခံပညာသင်ကြားနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အတွက် ဦးစားပေးထားတာဖြစ်ပြီး OPPO Tablet တွေနဲ့ ပေါင်းစည်းထားတဲ့ Programming သင်တန်းတွေကို ရေရှည်အတွက် တည်တံ့ခိုင်မြဲစေမဲ့ နည်းပညာပညာရေးအတွက် အဓိက အရင်းအမြစ်အဖြစ် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ထို့အပြင် အာဖရိကဒေသအနှံ့ရှိ လူငယ်တွေအတွက် လိုအပ်နေတဲ့ နည်းပညာအရည်အချင်းတွေကို ပိုမို အားပေးမြှင့်တင်ရန် Peer Learning ကို အားပေးကူညီခြင်းဖြင့်သာမက Coding ပြိုင်ပွဲတွေ ကျင်းပခြင်းတို့ကိုပါ ရည်ရွယ်ကာ ပညာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေမှာဖြစ်ပါတယ်။ ကင်ညာ၊ နာမီးဘီးယားနဲ့ ကို့တ်ဒီဗွာ နိုင်ငံတွေမှာ Hardware မလုံလောက်မှုကြောင့် ဒစ်ဂျစ်တယ်ပညာရေး တိုးတက်မှုကို အတားအဆီးဖြစ်စေခဲ့ပေမဲ့လဲ ယခု ပူးပေါင်းဆောင်ရွက်မှုက တစ်ဆင့် Digital Classroom အသစ်တွေကို ပြန်လည်တည်ဆောက်နိုင်မှာဖြစ်သလို နည်းပညာအသုံးပြုနိုင်ခွင့်ကို အထူးကောင်းမွန်စေပြီး လူငယ်များအတွက် တန်းတူညီမျှတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
UNESCO နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်မှု နဲ့ ဒစ်ဂျစ်တယ်လှုပ်ရှားမှုတွေမှာ ပါဝင်လာနိုင်ခွင့်ကို အထူးအရေးပေးတန်ဖိုးထားတဲ့ OPPO ရဲ့ ကတိကဝတ်ကို ထင်ဟပ်ပြသနေတာဖြစ်သလို OPPO က လူမှုအသိုင်းအဝိုင်းအပေါ် အပြုသဘောဆောင်တဲ့လှုပ်ရှားမှုတွေကို ရေရှည် ဖန်တီးနိုင်ဖို့အတွက် အမြဲတမ်း ကြိုးပမ်းလာခဲ့ပြီး ရေရှည်လုပ်ဆောင်နိုင်မဲ့ လူမှုလုပ်ငန်း CSR နဲ့ ပတ်သက်တဲ့ တာဝန်တွေကိုလဲ ပြည့်မီ ပြီးမြောက်စေဖို့ ပိုမိုကောင်းမွန်တိုးတက်လာတဲ့ နည်းပညာတွေကို ဆက်လက် အသုံးချသွားမှာဖြစ်ပါတယ်။
OPPO ရဲ့ လူမှုလုပ်ငန်း လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ထပ်မံသိရှိလိုပါက OPPO Myanmar Official Facebook Page – http://bit.ly/45Q2UQz ၊ Website – http://bit.ly/4nwInXy ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
#OPPO #CSR
NZ (ရိုးရာလေး)
The post OPPO က UNESCO နှင့် ပူးပေါင်းကာ အာရှနှင့် အာဖရိကဒေသတွေမှာ ပညာရေးတန်းတူညီမျှမှုနှင့် ဒစ်ဂျစ်တယ် လှုပ်ရှားမှုတွေအတွက် ပါဝင်ခွင့် တိုးမြှင့်နိုင်စေဖို့ Tablet များကို ကူညီခဲ့ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment