သားဖြစ်သူ မခေါ်တော့လောက်အောင် မိဘအုပ်ထိန်းမှုတင်းကျပ်မှုအပေါ် နောင်တရနေတဲ့ မင်းသားကြီး ဂျက်ကီချမ်း

ကိုယ်ခံပညာအကျော်အမောမင်းသားကြီး ဂျက်ကီချမ်းဟာ သားဖြစ်သူ ဂျေစီချမ်းနဲ့ ဆက်ဆံရေးတင်းမာနေမှုအကြောင်း ပွင့်ပွင့်လင်းလင်းပြောကြားလာခဲ့ပါတယ်။ မိဘအုပ်ထိန်းမှု အရမ်းတင်းကျပ်တာက သူတို့သားအဖကို ကွဲကွာသွားစေမှုမှာ အဓိကဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ 

နောက်ဆုံးထွက် ဇာတ်ကား Unexpected Family အတွက် ပရိုမိုးရှင်းလုပ်ရင်းနဲ့ ဂျက်ကီချမ်းက ဇာတ်ကားရဲ့အဆုံးသတ်မှာ သားအဖပြန်လည်သင့်မြတ်သွားတဲ့အခန်းက သူ့ရင်ထဲ နက်ရှိုင်းစွာခံစားမိစေခဲ့ပြီး ဂျေစီနဲ့လက်တွေ့ဘဝဆက်ဆံရေးကို ထင်ဟပ်စေခဲ့တယ်လို့ ထုတ်ပြောခဲ့တာပါ။ 


အရင်က စည်းကမ်းတင်းကျပ်တဲ့ဖခင်ဟာ ချစ်ခင်ကြင်နာပြီး သစ္စာရှိတဲ့သားတစ်ယောက်ကို ပျိုးထောင်တယ်လို့ သူ ယုံကြည်ခဲ့တာပါ။ ဒီအသိက အမှားဖြစ်ပြီး ကြောက်ရွံ့မှုကိုသာဖြစ်ပေါ်စေခဲ့တယ်လို့ သူ ဖွင့်ဟခဲ့ပါတယ်။ 

ဂျေစီကို အဆက်မပြတ်ဝေဖန်ပြောဆိုခဲ့တယ်လို့ ဂျက်ကီက ပြောပါတယ်။ “အရင်က ကျွန်တော့်သားကို တွေ့တဲ့အခါတိုင်း သူ့ကို ဆူငေါက်တယ်။ တီဗီမှာ ပါတဲ့အခါတိုင်း သူ့ကို ဝေဖန်ခဲ့တယ်။ ဘယ်တော့မှ ကြင်နာတဲ့စကားတစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်တော် မှားသွားတယ်။ အဲ့လိုမဖြစ်သင့်ဘူး။ သူ့ကို ပိုပြီးလွတ်လပ်ခွင့်ပေးခဲ့သင့်တာ”လို့ ဂျက်ကီက ပြောပါတယ်။ 

ဂျက်ကီတို့သားအဖကြား တင်းမာမှုက အချိန်ကြာလာတာနဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဂျေစီက သူ့ကို မွေးနေ့ဆုတောင်းပေးဖို့ တစ်နှစ်ကို ၁ ခါ ဖုန်းခေါ်လေ့ရှိပေမဲ့ အဆူငေါက်ခံရပြီး အခြားအချိန်တွေမှာ ခေါ်ဖို့ပြောခဲ့ပြီးတဲ့နောက်မှာ လုံးဝဖုန်းမခေါ်တော့ဘူးလို့ ဂျက်ကီက ထုတ်ပြောပြခဲ့ပါတယ်။ 


အသက်ရလာတော့ စည်းကမ်းတင်းကျပ်တဲ့အဖေတစ်ယောက်အဖြစ် မနေတော့ဘူးလို့ ဂျက်ကီက ဖွင့်ဟထားပါတယ်။ အခုတော့ ဂျက်ကီက သူ့သားအပေါ် မျှော်လင့်ချက်တွေ မထားတော့ဘူး။ သားဖြစ်သူ ဘေးကင်းပျော်ရွှင်တဲ့ဘဝမှာ နေနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ 

ဂျေစီက ဂျက်ကီချမ်းနဲ့ မင်းသမီး လင်ဖုန်ကျောင်တို့ရဲ့တစ်ဦးတည်းသောသားဖြစ်ပြီး မိဘတွေလိုပဲ အနုပညာအလုပ်လုပ်ခဲ့တာပါ။ ဇာတ်ကားတော်တော်များများမှာ ပါဝင်ခဲ့ပြီး သီချင်းအယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆေးမှုနဲ့ ၆ လထောင်ကျခဲ့ပြီး အနုပညာအလုပ်မှာ ထိခိုက်ခဲ့ရပါတယ်။ နှစ်တော်တော်ကြာ လူအများရှေ့ကနေ ပျောက်ကွယ်နေခဲ့တာပါ။ ထောင်က ထွက်လာပြီးကတည်းက ဇာတ်ကား ၂ ကားမှာပဲ ပါဝင်ထားပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အက်ရှင်ဟာသဇာတ်ကား Railroad Tigers နဲ သူ ရိုက်ကူးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ရိုမန့်ဟာသ Good Night Beijing ဇာတ်ကားတွေပါပဲ။ 

Ref: Jackie Chan Regrets Overly Strict Parenting, Says Son No Longer Calls Him

WL (ရိုးရာလေး)

The post သားဖြစ်သူ မခေါ်တော့လောက်အောင် မိဘအုပ်ထိန်းမှုတင်းကျပ်မှုအပေါ် နောင်တရနေတဲ့ မင်းသားကြီး ဂျက်ကီချမ်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post