Wilderness Challenge ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ်ကျသွားခဲ့သူ

တောကြီးမျက်မည်းထဲမှာ ရှင်သန်ရတာက ခွန်အားနဲ့ ခံနိုင်ရည်ရှိခြင်းအပေါ် မူတည်ပါတယ်။ တရုတ်နိုင်ငံက အမျိုးသမီးငယ်အတွက်တော့ အဲ့ဒါက သူ့ရဲ့ကိုယ်အလေးချိန်ကို ကျသွားစေခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကျောင်တျန်စူဆိုတဲ့ ကောင်မလေးက “Wilderness Challenge” ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုကို ရရှိခဲ့တဲ့အပြင် ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ်ကျသွားခဲ့ပါတယ်။ 

ဒီပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျိုးရှန်ပြည်နယ်က ကျွန်းတစ်ကျွန်းပေါ်မှာ အောက်တိုဘာ ၁ ရက်နေ့ကစတင်ခဲ့တာပါ။ ကျောင်တျန်စူက တောကြီးမျက်မည်းထဲမှာ နိုဝင်ဘာ ၅ ရက်နေ့အထိ ရက်ပေါင်း ၃၅ ရက် အသက်ရှင်ကျော်လွှားခဲ့ပါတယ်။  အဲ့ဒီနောက်မှာ သူဟာ တတိယနေရာရရှိခဲ့ပြီး ဆုကြေးငွေ ယွမ် ၇၅၀၀ ရရှိခဲ့ပါတယ်။ 


ကျောင်က ကျွန်းပေါ်မှာ ရှိနေစဉ်အတွင်း အခက်အခဲတွေရင်ဆိုင်ခဲ့ရပါတယ်။ ၄၀ ဒီဂရီအပူချိန်နဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကြောင့် သူ့ရဲ့လက်တွေ ကြမ်းတမ်းလာတယ်။ ခြေထောက်တွေမှာ အင်းဆက်တွေကိုက်ခံရတယ်။ နေလောင်တဲ့ဒဏ်ကိုလည်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ်အလေးချိန် ၈၅ ကီလိုဂရမ်ကနေ ၇၁ ကီလိုဂရမ်အထိ ဖြစ်သွားခဲ့တာက အောင်မြင်မှုပါပဲလို့ သူက ပြောပါတယ်။ 

သူ ကိုယ်အလေးချိန်ကျသွားရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့ တောကြီးမျက်မည်းထဲမှာ စုဆောင်းမိခဲ့တဲ့ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေကြောင့်ဖြစ်ပါတယ်။ သူ့ရဲ့အစားအစာတွေထဲမှာ ကဏန်း၊ ပင်လယ်ဗျိုင်းနဲ့ ကမာတွေပါဝင်ခဲ့ပါတယ်။ ၃၅ ရက်တာအတွင်း သူဟာ ကြွက်အကောင်ရေ ၅၀ ကို အမဲလိုက်တယ်၊ သန့်စင်တယ်၊ ကင်စားခဲ့ပါတယ်။ ပြိုင်ပွဲပြီးတဲ့နောက်မှာတောင် ကြွက်ကင်စားဖို့အတွက် သူနဲ့အတူ ယူဆောင်လာခဲ့ပါတယ်။ ပြိုင်ပွဲကာလမှာ ကြွက်သားက အတော်လေးအရသာရှိတာကို သူ သိသွားခဲ့ပါတယ်။ 

နိုဝင်ဘာ ၄ ရက်နေ့က တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် ကျောင်က ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူက ၃၅ ရက်နဲ့ သူ့ရဲ့ရည်မှန်းချက်ပြည့်မြောက်ခဲ့တယ်လို့ သူက ပြောပါတယ်။ ပထမဆု ယွမ် ၅၀၀၀၀အတွက် အမျိုးသားပြိုင်ပွဲဝင် ၂ ဦးက ကျွန်းပေါ်မှာ ယှဉ်ပြိုင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Chinese Woman Survives “Wilderness Challenge”, Eats 50 Rats, Loses 14 Kg In Just 35 Days

WL ( ရိုးရာလေး)

The post Wilderness Challenge ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ်ကျသွားခဲ့သူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post