စက်ခေါင်းမောင်းတစ်ဦးရဲ့ ဆယ်စုနှစ် ၂ ခုကွာခြားတဲ့ ဓာတ်ပုံ ၂ ပုံမှာ မြင်တွေ့ရသော တရုတ်ရထားလိုင်း ပြောင်းလဲမှု

ရထားစက်ခေါင်းမောင်းတစ်ဦးရဲ့ ဓာတ်ပုံ ၂ ပုံက တရုတ်နိုင်ငံ ရထားစနစ် တိုးတက်ပြောင်းလဲမှုကို ဖော်ပြနေပါတယ်။ ဟန်ကျန်းကျားဟာ ၁၉၉၂ ခုနှစ်က ရထားစက်ခေါင်းမောင်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တစ်နာရီ မိုင် ၄၀ လောက်ပဲ ခုတ်မောင်းနိုင်တဲ့ ရေနွေးငွေ့စက်ခေါင်းရထားကို မောင်းနှင်ခဲ့ရတာပါ။ အခု ဆယ်စုနှစ် ၂ ခုကျော်လွန်ချိန်မှာတော့ သူက တစ်နာရီ ၂၁၇ မိုင်နှုန်း ခုတ်မောင်းနိုင်တဲ့ ကျည်ဆန်ရထား စက်ခေါင်းမောင်း ဖြစ်နေပါပြီ။

ရေနွေးငွေ့စက်ခေါင်း ရထားတွေဟာ လုံခြုံရေးစနစ် အားနည်းပြီး စက်ခေါင်းမောင်းသူတွေက အစစအရာရာ ကိုယ်တိုင်စီမံ ထိန်းချုပ်ရတာပါ။ စက်ခေါင်းတွဲထဲမှာ နွေရာသီဆိုရင် မီးဖိုထဲ ရောက်နေသလို ပူလောင်ပြီး ဆောင်းရာသီဆိုရင်တော့ နှင်းတွေဖုံးနေလို့ စက်ခေါင်းမောင်းသူက ပြတင်းပေါက်ကနေ ခေါင်းထွက်ကြည့်ပြီး မောင်းရတာမျိုး ရှိတတ်ပါတယ်။

ဟန်ကျန်းကျားဟာ ၁၉၉၆ ခုနှစ်မှာ ဒီဇယ်ရထား ပြောင်းလဲမောင်းနှင်ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ လျှပ်စစ်ရထား မောင်းနှင်ခွင့်ရခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ကမ္ဘာ့အမြန်ဆုံး ရထားလိုင်းတစ်လိုင်းဖြစ်တဲ့ ဖူရှင်းကျည်ဆန်ရထားလိုင်းမှာ ပြောင်းလဲမောင်းနှင်ခွင့်ရခဲ့ပါတယ်။ သူဟာ ရထားမောင်းနှင်ခွင့် လိုင်စင် ၈ မျိုး ကိုင်ဆောင်ထားနိုင်သူပါ။

တရုတ်ရထားလိုင်းရဲ့ တိုးတက်ပြောင်းလဲမှုတွေမှာ လိုက်ပါပြောင်းလဲခွင့်ရဖို့ ဟန်ကျန်းကျားဟာ စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့ရပြီး မိသားစုအတွက် အချိန်မပေးနိုင်ခဲ့ပါဘူး။ သူ့သမီး စကားစပြောတဲ့အချိန်၊ ပထမဆုံး ကျောင်းတက်တဲ့နေ့တွေမှာ မိသားစုနဲ့အတူ ရှိနေခွင့် မရခဲ့ပါဘူး။ အခုချိန်မှာတော့ တရုတ်ရထားတွေရဲ့ ခရီးစဉ်တွေ အချိန်ပိုမြန်လာခြင်းနဲ့အတူ သူလည်း မိသားစုကို အချိန်ပိုပေးခွင့်ရလာပါပြီ။

တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တည်ရှိရာနေရာဖြစ်ပြီး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်အရည်က ကီလိုမီတာပေါင်း ၄၀၀၀၀ ကျော် ရှိပါတယ်။

Ref: Same train driver, 26 years apart in China

NZ (ရိုးရာလေး)

The post စက်ခေါင်းမောင်းတစ်ဦးရဲ့ ဆယ်စုနှစ် ၂ ခုကွာခြားတဲ့ ဓာတ်ပုံ ၂ ပုံမှာ မြင်တွေ့ရသော တရုတ်ရထားလိုင်း ပြောင်းလဲမှု appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post