ဘတ်စကက်ဘောကစားသမားအကျော်အမော်တွေရဲ့ဘေးမှာ သေးသေးလေးတွေဖြစ်နေတဲ့ ဂျက်ကီချမ်းနဲ့ ဒေးဗစ်ဘက်ခမ်း

ဘတ်စကက်ဘောကစားသမားအများစုက တကယ်ကိုပဲ အရပ်အမောင်းကောင်းကြတယ်ဆိုတာကို လူတိုင်းသိကြမှာပါ။ အခုဆို သူတို့ ဘယ်လောက် အရပ်အမောင်းကောင်းလဲဆိုတာကို ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းနဲ့ အကျော်အမော်ဘောလုံးသမားဟောင်းဒေးဗစ်ဘက်ခမ်းတို့နဲ့ တွေ့ဆုံတဲ့အချိန်မှာ သက်သေပြသွားခဲ့ပါတယ်။

ဂျက်ကီချမ်းက NBA China Games မှာ ဘတ်စကက်ဘောကစားသမားအကျော်အမော်တွေဖြစ်တဲ့ Yao Ming နဲ့ Shaquille O’Neal တို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့တာပါ။ သူတို့ကြား အရပ်အမောင်းကွာခြားမှုက ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အင်စတာဂရမ်မှာ ဂျက်ကီချမ်း တင်ခဲ့တဲ့ ပုံမှာ NBA China Games ရဲ့အစီအစဉ်တင်ဆက်သူဖြစ်တဲ့ ဘက်ခမ်းကလည်း သူတို့နဲ့အတူရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျက်ကီချမ်းနဲ့ ဘက်ခမ်းတို့ဟာ ဘတ်စကက်ဘောကစားသမားအကျော်အမော်တွေရဲ့ဘေးမှာ သေးသေးလေးတွေဖြစ်နေပြီး ချစ်ဖို့ကောင်းနေကြပါတယ်။ ဂျက်ကီချမ်းကလည်း ရယ်ရယ်မောမောနဲ့ “ဟား..ဟား…မတွေ့ရတာကြာပြီ” ဆိုတဲ့ စာသားနဲ့ အဲ့ဒီဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေက “ဒီကနေ့ သူတို့ မြင်ဖူးသမျှထဲမှာ ချစ်ဖို့အကောင်းဆုံးအရာဖြစ်တယ်”၊”ဂျက်ကီက တော်တော်လေးသေးတာပဲ..ဒီဘတ်စကက်ဘောကစားသမားအကျော်အမော်တွေဘေးမှာ အရမ်းချစ်ဖို့ကောင်းနေမယ်လို့ မမျှော်လင့်ခဲ့ဘူး”လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Jackie Chan & David Beckham Look Tiny Standing Next To Basketball Legends Yao Ming & Shaquille O’Neal


WL (ရိုးရာလေး)

The post ဘတ်စကက်ဘောကစားသမားအကျော်အမော်တွေရဲ့ဘေးမှာ သေးသေးလေးတွေဖြစ်နေတဲ့ ဂျက်ကီချမ်းနဲ့ ဒေးဗစ်ဘက်ခမ်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post