ကမ္ဘာ့ထိပ်တန်းချင်ပန်ဇီပညာရှင် ဂျိန်း ဂိုဒေါလ် ကွယ်လွန်

ချင်ပန်ဇီတွေအကြောင်း ကျွမ်းကျင်တဲ့ ကမ္ဘာ့ထိပ်တန်းပညာရှင် ဂျိန် ဂိုဒေါလ်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ အောက်တိုဘာ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ 

သူ တည်ထောင်ထားတဲ့ The Jane Goodall Institute က “အောက်တိုဘာ ၁ ရက်နေ့ မနက်ခင်းမှာ Jane Goodall Institue ရဲ့တည်ထောင်သူ၊ UN Messenger of Peace ဒေါက်တာ ဂျိန်း ဂိုဒေါလ်က သဘာဝအကြောင်းတရားကြောင့် ကွယ်လွန်သွားခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဂျိန်းက ဟောပြောရေးခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ကယ်လီဖိုးနီးယားပြည်နယ်မှာ ရှိနေခဲ့တာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဂျိန်းက ချင်ပန်ဇီတွေဟာ ပရိုင်းမိတ်လေ့လာတဲ့နယ်ပယ်ကို လုံးဝပြောင်းလဲသွားစေမယ့် ကိရိယာတွေကို ပြုလုပ်နိုင်၊ အသုံးပြုနိုင်တယ်ဆိုတာကို ၁၉၆၀ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တာပါ။ လန်ဒန်မှာ မွေးဖွားခဲ့တဲ့ သူက ၁၉၅၇ ခုနှစ်မှာ ကင်ညာကို သွားခဲ့ပြီး မနုဿဗေဒပညာရှင် Louis S.B Leakey နဲ့ စပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ တောရိုင်းချင်ပန်ဇီတွေရဲ့ကမ္ဘာကို စူးစမ်းလေ့လာဖို့ ပထမဆုံးအကြိမ် တန်ဇန်းနီးယားကို သွားလည်တော့ သူ့အသက်က ၂၆ နှစ်ပါ။ ၁၉၆၀ ခုနှစ်မှာ တန်ဇန်းနီးယားမှာ တိရစ္ဆာန်တွေအကြောင်းလေ့လာခဲ့ပါတယ်။ ဒါက သူ့ကို သိပ္ပံဂျာနယ်တွေထုတ်ဝေဖို့ ဖြစ်စေခဲ့ပါတယ်။ 

သူက ၁၉၇၇ ခုနှစ်မှာ မျောက်ဝံကြီးတွေကို သုတေသနပြုရာမှာ အထောက်အပံ့ပေးဖို့ Jane Goodall Institute ကို တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ အခြားပရောဂျက်များစွာထဲကမှ လူငယ်အစီအစဉ်တစ်ခုဖြစ်တဲ့ Roots and Shoots ကို လုပ်ဖြစ်ခဲ့ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ တိရစ္ဆာန်အမူအကျင့်တွေအကြောင်း ကမ္ဘာ့တစ်ဝှမ်းမှာ ဟောပြောဖြစ်ခဲ့ပါတယ်။ သူ မသေဆုံးခင် အောက်တိုဘာ ၃ ရက်နေ့ကျ လော့စ်အိန်ဂျလိစ်မှာ ဟောပြောဖို့ စီစဉ်ထားခဲ့တာပါ။ 

ဂျိန်းရဲ့ပရောဂျက်လက်ရာတွေက မှတ်တမ်းရုပ်ရှင် ၄၀ ကျော်ကိုရိုက်ကူးစေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ မှတ်တမ်းရုပ်ရှင် Jane မှာ သူ့ရဲ့အကြောင်းကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမှတ်တမ်းရုပ်ရှင်က Primetime Emmys  ဆု ၁ ဆုနဲ့ အခြားဆုများစွာရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ရဲ့ “Jane Goodall: Reasons for Hope”မှတ်တမ်းရုပ်ရှင်မှာလည်း ဂျိန်းရဲ့သက်ရှိတွေနေထိုင်ရာပြန်လည်ထူထောင်ရေးပရောဂျက်တွေကို ပြသထားပါတယ်။ 

Ref: Jane Goodall, world’s foremost chimpanzee expert, dies at 91

WL (ရိုးရာလေး)

The post ကမ္ဘာ့ထိပ်တန်းချင်ပန်ဇီပညာရှင် ဂျိန်း ဂိုဒေါလ် ကွယ်လွန် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post