ဝယ်သူမရှိတဲ့အိမ်ကို နည်းလမ်းသစ်သုံးပြီး ပေါင် ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့သူ

သူ့ရဲ့အိမ်ကို ပေါင် ၆ သိန်းခွဲနဲ့ ရောင်းချပေမဲ့ ရောင်းမထွက်တဲ့နောက် အိမ်ပိုင်ရှင် ဒက်စတင်လောက အခြားနည်းလမ်းတစ်ခုနဲ့ ကြိုးပမ်းခဲ့ရာမှာ ပေါင် ၃ သိန်းခွဲ ပိုမြတ်ခဲ့ပါတယ်။

သူက အိမ်မဲရောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လက်မှတ်တစ်စောင် ၂ ပေါင်နှုန်းနဲ့ အွန်လိုင်းကနေ ရောင်းချခဲ့တာပါ။ သူဟာ လက်မှတ် ၅ သိန်းအထိ ရောင်းချခဲ့ရပြီး မဲလက်မှတ်တွေကနေ ပေါင် ၁ သန်း ရရှိခဲ့တာပါ။

ပေါင်သိန်းချီတန်တဲ့အိမ်ကို ကော်ဖီတစ်ခွက်စာဖိုးလောက်နဲ့ ရနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အိမ်မဲကံစမ်းသူ များပြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ သမားရိုးကျဈေးကွက်တွေမှာ အပြောင်းအလဲလုပ်နိုင်ကြောင်း ပြသနေတဲ့ ဖြစ်ရပ်လို့ ဆိုကြပါတယ်။

ဒက်စတင်လောရဲ့  အိပ်ခန်း ၆ ခန်းပါ နေအိမ်ဟာ ဗြိတိန်နိုင်ငံ လန်ကက်ရှိုင်းယားစီရင်စုမှာ တည်ရှိပြီး ၂၀၁၇ ခုနှစ်က အိမ်မဲဖောက်ပြီး ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Ref: How One Homeowner Raffled Off His House—and DOUBLED His Profit

NZ ( ရိုးရာလေး)

The post ဝယ်သူမရှိတဲ့အိမ်ကို နည်းလမ်းသစ်သုံးပြီး ပေါင် ၁ သန်းနဲ့ ရောင်းချနိုင်ခဲ့သူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post