အနုပညာသက်တမ်း ၅၂ နှစ်မှာ ပထမဆုံးရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ ဝါရင့်ဟောင်ကောင်မင်းသားကြီး ကန်နီဘီး

Fist of Fury ဟာသရုပ်ရှင်မှာ မင်းသားကြီး စတီဖင်ချောင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်ဟောင်ကောင်မင်းသားကြီး ကန်နီဘီးဟာ အနုပညာသက်တမ်း ၅၂ နှစ်ကျမှ သူ့ရဲ့ပထမဆုံးရုပ်ရှင်သရုပ်ဆောင်ဆုကို ပိုင်ဆိုင်သွားခဲ့ရပါတယ်။ သူ့အသက်က ၇၂ နှစ်ရှိပါပြီ။ 

သူဟာ မကြာသေးခင်က  2025 Wu Tianming Youth Filmမှာ Twenty-Four Flavours ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသားဆုကို ရရှိသွားခဲ့တာပါ။ သူ ဒီဆုရတာနဲ့ပတ်သက်ပြီး “ဒီရုပ်ရှင်ပွဲတော်က လူငယ်ဒါရိုက်တာတွေနဲ့ အဖွဲ့သားတွေအတွက်ကျင်းပတာပါ။ ဒါပေမဲ့ အဲ့ဒီမှာ သရုပ်ဆောင်တွေကိုလည်း ဆုပေးတယ်ဆိုတာ သိခဲ့ရပြီး ကျွန်တော် ဆုရရှိခဲ့ပါတယ်။ ဒီလိုမျိုး အသိအမှတ်ပြုခံရပြီး အခုလိုဆုရရှိခဲ့တဲ့အတွက် တကယ်ကို ပျော်ရွှင်စေပါတယ်”လို့ သူက ဆိုထားပါတယ်။  

သူက သူနဲ့အတူ နှစ်တော်တော်ကြာ တွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသားတော်တော်များများ ဆုတွေရသွားခဲ့တာနဲ့ပတ်သက်ပြီးလည်း စနောက်ရယ်မော်ပြီးပြောထားပါတယ်။ “ဆုရချင်ရင် ကျွန်တော်နဲ့တွဲသရုပ်ဆောင်သင့်တယ်။ ကျွန်တော်က ကံကောင်းမှုအဆောင်လေးဖြစ်ခဲ့တာပါ”တဲ့။ 

လူငယ်ဒါရိုက်တာဟွမ်ရွှီလင် ရိုက်ကူးထားတဲ့ Twenty-Four Flavours ဇာတ်ကားမှာ ကန်နီဘီးကမင်းသမီးဆီဗီယား ချန်ရဲ့ခင်ပွန်း ရုံတန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ 

Ref: Enny Bee Wins First Film Acting Award in 52-Year Career

WL (ရိုးရာလေး)

The post အနုပညာသက်တမ်း ၅၂ နှစ်မှာ ပထမဆုံးရုပ်ရှင်သရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ ဝါရင့်ဟောင်ကောင်မင်းသားကြီး ကန်နီဘီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post