ကမ္ဘာ့ဝတ်ဆင်နိုင်သောပစ္စည်းဈေးကွက်(Wearable market)ကို Huawei က နှစ်ကြိမ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်နေ၊ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက် ကမ္ဘာ့ဝတ်ဆင်နိုင်သောပစ္စည်းဈေးကွက်(Wearable market)တွင် Huawei က ပထမနေရာကို ရယူ

လုပ်ငန်းဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းဖြစ်သည့် IDC ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်တွင် ကမ္ဘာ့ဝတ်ဆင်နိုင်သောပစ္စည်း ဈေးကွက်၌ Huawei သည် ၂၀.၂% ဖြင့် ထိပ်ဆုံးနေရာမှ ဦးဆောင်နေပြီး ကုမ္ပဏီအနေဖြင့် ပထမနေရာကို နှစ်ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သည်။


Huawei ၏ ဝတ်ဆင်နိုင်သောပစ္စည်းများသည် စတိုင်ကျသော ဒီဇိုင်းများ၊ အဆင့်မြင့် ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးဆိုင်ရာ feature များ၊ ခေတ်မီဆန်းသစ်သော အတွေ့အကြုံများကြောင့် ချီးကျူးဂုဏ်ပြုခြင်းခံရသည်။ ဤထုတ်ကုန်များတွင် သေးငယ်သော်လည်း အစွမ်းထက်သည့် feature များနှင့်ပြည့်စုံသော HUAWEI WATCH FIT 4 Series ၊ ဂိမ်းပြောင်းလဲနိုင်သည့် TruSense စနစ်ပါရှိသော HUAWEI WATCH GT 5 Series ၊ ဘက်ထရီမုဒ်အသစ်နှစ်မျိုးကို ပေးစွမ်းသည့် HUAWEI WATCH 5 Series နှင့် အဆင့်မြင့်ရေငုပ်ခြင်း၊ ဂေါက်သီးရိုက်ခြင်းနှင့် စွန့်စားခရီးထွက်ခြင်း mode များကို ထောက်ပံ့ပေးသည့် HUAWEI WATCH Ultimate Series တို့ပါဝင်သည်။ ၎င်းအပြင် လက်ကောက်ဝတ်ပေါ်တွင် သွေးပေါင်ချိန်စောင့်ကြည့်နိုင်သည့် ပထမဆုံး စမတ်နာရီဖြစ်သော HUAWEI WATCH D2 ကိုလည်း မမေ့မလျော့ ထည့်သွင်းဖော်ပြရမည် ဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ စီမံခန့်ခွဲမှုဌာန (NMPA) တွင် မှတ်ပုံတင်ထားသည့်အပြင် ဥရောပသမဂ္ဂ၏ ဆေးဘက်ဆိုင်ရာစက်ပစ္စည်းဆိုင်ရာ စည်းမျဉ်းများ (EU’s medical device regulations) နှင့်လည်း ကိုက်ညီမှုရှိသည်။


Huawei သည် “Ride the Wind” ခေါင်းစဉ်ဖြင့် ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခုကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် စက်တင်ဘာလ ၁၉ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ပြီး HUAWEI WATCH GT 6 Series ၊ HUAWEI WATCH Ultimate 2 နှင့် HUAWEI WATCH D2 အပါအဝင် လူအများစောင့်မျှော်နေကြသည့် ဝတ်ဆင်နိုင်သောပစ္စည်းများကို ထုတ်ဖော်ပြသသွားမည် ဖြစ်သည်။

NZ (ရိုးရာလေး)

The post ကမ္ဘာ့ဝတ်ဆင်နိုင်သောပစ္စည်းဈေးကွက်(Wearable market)ကို Huawei က နှစ်ကြိမ်ဆက်တိုက် ထိပ်ဆုံးမှ ဦးဆောင်နေ၊ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက် ကမ္ဘာ့ဝတ်ဆင်နိုင်သောပစ္စည်းဈေးကွက်(Wearable market)တွင် Huawei က ပထမနေရာကို ရယူ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post