ဖိုတွန်အမှုန်ကို နှေးကွေးအောင်လုပ်ပြီး အလင်းကို ပုံဖော်ခဲအဖြစ် ပုံဖော်ဖန်တီးနိုင်ခဲ့

အီတလီသိပ္ပံပညာရှင်တွေဟာ အံ့အားသင့်စရာ စွမ်းဆောင်မှုအဖြစ် အလင်းကို အေးခဲပြီး ပုံဆောင်ခဲအဖြစ် ပထမဆုံးအကြိမ် ပြောင်းလဲနိုင်ခဲ့ကြပါတယ်။ အစဉ်အလာအားဖြင့် အလင်းဆိုတာ ထိတွေ့ကိုင်တွယ်မရတဲ့ အမှုန် (သို့) လှိုင်းတွေဖြစ်လို့ အလင်းကို ပုံဆောင်ခဲအဖြစ် ဖန်တီးဖို့ မဖြစ်နိုင်လောက်ဘူးလို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ အီတလီသုတေသီတွေဟာ အလင်းရဲ့ အခြေခံအမှုန်ဖြစ်တဲ့ ဖိုတွန်ကို အလွန်အေးတဲ့ နေရာမှာ စနစ်တကျဘောင်သွင်း ပိတ်လှောင်ပြီး ပုံဆောင်ခဲဖြစ်အောင် စီမံခဲ့ကြတာပါ။ ဖိုတွန်အမှုန်တွေရဲ့ လှုပ်ရှားမှုကို လေးလံနှေးကွေးစေပြီး ထိန်းချုပ်ပုံသွင်းတဲ့ ဒီနည်းလမ်းဟာ ကွမ်တမ်တွက်ချက်မှု၊ ရုပ်မြင် ဆက်သွယ်ရေးနဲ့ အဆင့်မြင့် ဒြပ်ဝတ္တုသိပ္ပံ အစရှိတဲ့ အနာဂတ်နည်းပညာတွေအတွက် ကြီးမားတဲ့ အလားအလာ ရှိနေပါတယ်။

အလင်းကို ပုံဆောင်ခဲအဖြစ် ပုံသွင်းနိုင်ခြင်းအားဖြင့် သုတေသီတွေဟာ သတင်းအချက်အလက်တွေဟာ မကြုံစဖူး အလွန်မြန်ဆန်လွန်းတဲ့ အရှိန်အဟုန်နဲ့ သိုလှောင် စီမံနိုင်ဖို့၊ ဒေတာ ထုတ်လွှင့်မှုတွေကို ပုံသဏ္ဍာန်ပြောင်းလဲဖို့၊ တွက်ချက်မှုဆိုင်ရာ စွမ်းဆောင်ရည်ပိုင်း နည်းလမ်းသစ်တွေကိုလည်း ဖန်တီးနိုင်ဖို့ ရှိနေပါတယ်။

Ref: Italian Scientists Freeze a Ray of Light

NZ ( ရိုးရာလေး)

The post ဖိုတွန်အမှုန်ကို နှေးကွေးအောင်လုပ်ပြီး အလင်းကို ပုံဖော်ခဲအဖြစ် ပုံဖော်ဖန်တီးနိုင်ခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post