ကန်ဒေါ်လာ ၁ သန်းဆုပေါက်တာကို ဒေါ် ၁ သောင်းဆုပဲ ပေါက်တာလို့ ထင်ခဲ့တဲ့ အမျိုးသမီး

မီချဲလ် စလိုအန်ဆိုတဲ့ အမျိုးသမီးကြီးဟာ ဇူလိုင် ၁၆ ရက်နေ့က သူ Village Knoll Deli & Spirits ဆိုင်ကနေ ဝယ်ယူလာခဲ့တဲ့ ထီလက်မှတ်နဲ့ ထီဆုကြီးပေါက်ခဲ့ပါတယ်။ သူဟာ မက်ဆာချူးဆက်ပြည်နယ်ကဖြစ်ပြီး ဒေါ်လာ ၁ သောင်းဆုပဲ ပေါက်တာလို့ ထင်ခဲ့တာပါ။ ဒေသဆိုင်ရာ ထီရုံးကို ထီဆုကြေးငွေသွားထုတ်တဲ့အချိန်မှ ဒေါ်လာ ၁ သန်းဆုပေါက်မှန်း သိခဲ့ရပြီး တအံ့တဩဖြစ်သွားခဲ့ရပါတယ်။ ဒေါ်လာ ၁ သန်းပေါက်တာကြောင့် ဘော့စတွန်က ထီရုံးချုပ်မှာ ထုတ်ယူခဲ့ရပါတယ်။

” ၁ သောင်းဆုလို့ပဲ ထင်ခဲ့တာ။ မယုံနိုင်သေးဘူး။ တအံ့တဩဖြစ်နေတုန်းပဲ” လို့ မီချဲလ်က ဆိုပါတယ်။ သူက ထီဆုကြေးငွေအတွက် လက်ငင်းငွေသားယူဖို့ ရွေးချယ်ခဲ့ပြီး တစ်လုံးတစ်ခဲတည်း ဒေါ်လာ ၆၅၀၀၀၀ (အခွန်ဆောင်တာမပါ) ယူခဲ့ပါတယ်။

ဒီထီဆုကြေးငွေထဲက တချို့ကို ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေတဲ့အပြင် သူ့သားသမီးတွေကို အကူအညီပေးဖို့လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Village Knoll Deli & Spirits ဆိုင်ကလည်း ကံထူးသွားတဲ့ ထီလက်မှတ်ကို ရောင်းချလိုက်တဲ့အတွက် ဘောနပ် ဒေါ်လာ ၁ သောင်းရရှိမှာဖြစ်ပါတယ်။

Ref: Mom Bought a Lottery Ticket and Thought She Won $10,000. She Was ‘Shocked’ When She Learned the Actual Amount

WL ( ရိုးရာလေး)

The post ကန်ဒေါ်လာ ၁ သန်းဆုပေါက်တာကို ဒေါ် ၁ သောင်းဆုပဲ ပေါက်တာလို့ ထင်ခဲ့တဲ့ အမျိုးသမီး appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post