ကိုယ့်ဘက်ထရီကိုယ် လဲလှယ်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံးလူသားဆန်တဲ့စက်ရုပ်ကို တရုတ်ကုမ္ပဏီတစ်ခုက ထုတ်ပြ

တရုတ်ကုမ္ပဏီတစ်ခုက ကိုယ့်ဘက်ထရီကိုယ် လဲလှယ်နိုင်စွမ်းရှိတဲ့ လူသားဆန်တဲ့ စက်ရုပ်တစ်ရုပ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်က လူသားအကူအညီမပါဘဲ ၇ ရက်အတွင်း ၂၄ နာရီကြာ အလိုအလောက်လုပ်ဆောင်နိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံးလူသားဆန်တဲ့ Walker S2 စက်ရုပ်ကို UBTEC Robotics က တီထွင်ခဲ့တာပါ။ 

စက်ရုပ်က အရပ် ၅ ပေ ၃ လက်မရှိပြီး အလေးချိန် ၉၅ ပေါင် (၄၃ ကီလိုဂရမ်) ဝန်းကျင်ရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ရွေ့လျားနိုင်တဲ့ အဆစ် (သို့) စက်ပစ္စည်း ၂၀ ရှိပြီး ပျော့ပျော့ပျောင်းပျောင်း လှုပ်ရှားနိုင်ပါတယ်။ ဝိုင်ဖိုင်၊ Bluetooth တို့နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ 

စက်ရုပ်က ၄၈ ဗို့လီသီယမ်ဘက်ထရီကို အသုံးပြုထားပြီး အားပြန်သွင်းဖို့ မလိုအပ်မီ ၂ နာရီကြာ လမ်းလျှောက်စေနိုင်၊ ၄ နာရီကြာ မတ်တပ်ရပ်နိုင်စေပါတယ်။ ဘက်ထရီကို အားအပြည့်သွင်းဖို့ မိနစ် ၉၀ လောက် အချိန်ယူရပါတယ်။ Walker S2 ကို ဖောက်သည်တွေနဲ့ အပြန်အလှန်ဆက်ဆံနိုင်တဲ့ (သို့) လုပ်ငန်းတာဝန်တွေကို အလိုအလောက်လုပ်ဆောင်နိုင်တဲ့ နေရာတွေဖြစ်တဲ့ စက်ရုပ်တွေ (သို့) အများသူငှာသွားလာတတ်တဲ့နေရာတွေမှာ အသုံးပြုဖို့ ဒီဇိုင်းထွင်ခဲ့တာလို့ သိရပါတယ်။ 

Ref: Chinese Firm Unveils World’s First Humanoid Robot Capable Of Changing Own Battery

WL ( ရိုးရာလေး)

The post ကိုယ့်ဘက်ထရီကိုယ် လဲလှယ်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့ပထမဆုံးလူသားဆန်တဲ့စက်ရုပ်ကို တရုတ်ကုမ္ပဏီတစ်ခုက ထုတ်ပြ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post