အင်းဆက်ပိုးမွှားနဲ့တူပြီး အလွန်သေးငယ်တဲ့ မောင်းသူမဲ့ယာဉ်ကို တရုတ်သိပ္ပံပညာရှင်တွေ မိတ်ဆက်ပြသ

အင်းဆက်ပိုးမွှားနဲ့တူပြီး အလွန်သေးငယ်တဲ့ မောင်းသူမဲ့ယာဉ်တစ်မျိုးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ကာကွယ်ရေးနည်းပညာဆိုင်ရာ အမျိုးသားတက္ကသိုလ်၊ စက်ရုပ်ဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်တွေက မိတ်ဆက်ပြသခဲ့ပါတယ်။

CCTV 7 စစ်ဘက်ဆိုင်ရာ သတင်းချန်နယ်မှာ ဖော်ပြချက်အရ ကိုယ်ထည်အရွယ်အစား ၁.၃ စင်တီမီတာသာရှိတဲ့ မောင်းသူမဲ့ယာဉ်ငယ်မှာ သစ်ရွက်နဲ့တူတဲ့ တောင်ပံနှစ်ဖက်၊ အလွန်သေးငယ်တဲ့ ခြေထောက် ၃ ချောင်း ပါဝင်ပြီး အင်းဆက်အစစ်တစ်ကောင်နဲ့ ခွဲမရလောက်အောင် တူညီတယ်လို့ ဆိုပါတယ်။ အရွယ်အစား သေးငယ်လို့ စက်သံလည်း ပိုမိုတိတ်ဆိတ်ပြီး ကျဉ်းမြောင်းတဲ့နေရာတွေကိုလည်း ဝင်ဆံ့နိုင်ပြီး နယ်ပယ်အသီးသီးမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ရပ် ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

စစ်ဘက်ဆိုင်ရာ ကင်းထောက်လှမ်းရေးအတွက် အဓိကအသုံးပြုဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ထားပေမဲ့ တရုတ်အစိုးရအနေနဲ့ အခြားစောင့်ကြည့်၊ ထောက်လှမ်းမှုတွေမှာလည်း အသုံးပြုလာနိုင်တယ်လို့ လူအများအပြားက သံသယရှိနေကြပါတယ်။

ခြင်တစ်ကောင်နဲ့တူတဲ့ မောင်းသူမဲ့ယာဉ်မှာ အရွယ်အစား သေးငယ်မှုကြောင့် အားသာချက်တွေရှိသလို ဘက်ထရီအား တာရှည်မခံတဲ့ အားနည်းချက်မျိုးလည်း ရှိနေပါတယ်။

Ref: Chinese Scientists Unveil Mosquito-Sized Surveillance Drone

NZ ( ရိုးရာလေး)

The post အင်းဆက်ပိုးမွှားနဲ့တူပြီး အလွန်သေးငယ်တဲ့ မောင်းသူမဲ့ယာဉ်ကို တရုတ်သိပ္ပံပညာရှင်တွေ မိတ်ဆက်ပြသ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post