F1 ဇာတ်ကားအထူးပြပွဲမှာ ဘရက်ပစ်နဲ့အတူမြင်တွေ့ခဲ့ရတဲ့ တွမ်ခရုစ်

The Mission Impossible မင်းသားကြီး တွမ်ခရုစ်ဟာ ဇွန်လ ၂၃ ရက်နေ့က လန်ဒန်မှာပြုလုပ်တဲ့ F1 ရုပ်ရှင်အထူးပြပွဲကို တက်ရောက်လာခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သူ့သူငယ်ချင်းဖြစ်သူ မင်းသားကြီး ဘရက်ပစ်နဲ့အတူ တက်ရောက်ရတာဖြစ်တဲ့အတွက် ပြုံးပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

တွမ်ခရုစ်က ဘရက်ပစ်နဲ့အတူ ဓာတ်ပုံရိုက်ခဲ့တဲ့အပြင် Formula One စီးအီးအို စတီဖာနို ဒိုမနီကာလီ၊ F1 ရုပ်ရှင်ဒါရိုက်တာတွေနဲ့လည်း ပုံရိုက်ခဲ့ကြပါတယ်။ 

F1 ဇာတ်ကားဟာဆိုရင် ဖော်မြူလာဝမ်းအသင်းထဲ ဝင်ပြီး ဟိုဆေး ပီအာဆေး (မင်းသား ဒန်ဆန် အိုင်ဒရစ်) နဲ့အတူ ယှဉ်ပြိုင်ဖို့ ရူဘန် ဆာဗန်တီစ် (မင်းသားဂျာဗီအာ ဘာဒန်) ခေါ်ယူထားတဲ့ ဝါရင့်ပြိုင်ကားမောင်းသမား ဆွန်နီ ဟာရက်စ် ( ဘရက်ပစ်) အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ 

Ref: Brad Pitt hits ‘F1’ London premiere with Tom Cruise, shares what surprised him most about racing

WL ( ရိုးရာလေး)

The post F1 ဇာတ်ကားအထူးပြပွဲမှာ ဘရက်ပစ်နဲ့အတူမြင်တွေ့ခဲ့ရတဲ့ တွမ်ခရုစ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post