အသက်ငယ်ငယ်နဲ့ အောင်မြင်ကျော်ကြားလာတာက သူ့ကို အစိုးရိမ်လွန်ရောဂါဖြစ်စေတယ်လို့ ဖွင့်ဟခဲ့တဲ့ ဂျက်လီ

ဂျက်လီဟာ ကမ္ဘာ့နာမည်အကြီးဆုံးကိုယ်ခံပညာစကားတွေထဲက တစ်ယောက်ဖြစ်ပေမဲ့ အောင်မြင်မှုဒဏ်ကို တော်တော်ရုန်းကန်ခဲ့ရပုံပါပဲ။ အသက် ၆၂ နှစ်အရွယ် ဂျက်လီက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ သူ့ဆီမှာ အသေးစားအော်တစ်ဇင်ရောဂါရှိနေနိုင်တယ်လို့ သံသယရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ အောင်မြင်ကျော်ကြားမှုက သူ့ကို အစိုးရိမ်လွန်ရောဂါ ( Social anxiety) ဖြစ်စေခဲ့တယ်လို့ သူက ဆိုထားပါတယ်။ (Social Anxiety လို့ ခေါ်တဲ့ အစိုးရိမ်လွန်ရောဂါဆိုတာ နေ့စဉ်လူအများနဲ့ ဆက်ဆံရတာကို ကြောက်တာ၊ စိုးရိမ်တာ၊ ကိုယ့်ကိုယ်ကို သတိထားမိနေတာနဲ့ ရှက်တာတွေဖြစ်နေတတ်တဲ့ရောဂါပါ)

အများပြည်သူတွေဆီက အာရုံစိုက်ခံရတာနဲ့ ဖိအားတွေက သူ့ရဲ့ပုံစံအစစ်အမှန်ကို ပျောက်ဆုံးစေသလို ခံစားရစေခဲ့တယ်။ အထူးသဖြင့် သူ့ဘေးမှာ ပရိသတ်တွေဝန်းရံနေတဲ့အချိန်မျိုးမှာပါ။ သူ့မှာ အသေးစားအော်တစ်ဇင်ရှိတယ်လို့ ယုံကြည်ရတဲ့အကြောင်းအရင်းကို အသေးစိတ်မပြောထားပေမဲ့ ပရိသတ်တွေကို လက်မှတ်ထိုးပေးရတဲ့အချိန်ဆို အစိုးရိမ်လွန်တာမျိုးတွေခံစားခဲ့ရတယ်လို့ ဆိုထားပါတယ်။

မင်းသားဖြစ်ရတာထက် အားကစားသမားတစ်ယောက်ဖြစ်ရတာကို ပိုပြီးရိုးရှင်းတယ်လို့လည်း ခံစားခဲ့ရကြောင်း ဂျက်လီက ပြောပါတယ်။ ဂျက်လီက သရုပ်ဆောင်မဖြစ်ခင် ဝူရှုးချန်ပီယံဖြစ်ခဲ့တာပါ။ ဝူရှုးသမားဘဝကနေ ၁၉၇၉ ခုနှစ်မှာ အငြိမ်းစားယူခဲ့ပါတယ်။

အားကစားသမားတစ်ယောက်အနေနဲ့ သူ့နယ်ပယ်မှာ ကောင်းကောင်းလုပ်ဆောင်ဖို့ပဲလိုတာပါ။ သူ့ဘဝနဲ့ သူ နေလို့ရတယ်။ မင်းသားကျတော့ ရိုက်ကွင်းမှာမဟုတ်ဘဲ အပြင်သွားရင်တောင် Mask တပ်ထားရတယ်လို့ ဂျက်လီက ဆိုပါတယ်။ သူဟာ မီဒီယာအင်တာဗျူးတွေနဲ့ လူများတဲ့နေရာတွေသွးရတာ မကြိုက်တာကိုလည်း သိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

“လူများနေရင် ရိုက်ကူးရေးအတွက်မဟုတ်ရင် ကျွန်တော် မသွားဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့အော်တစ်ဇင်က အတော်လေးပြင်းထန်လာတယ်”လို့ ဂျက်လီက ထုတ်ပြောခဲ့ပါတယ်။

ဂျက်လီက hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါ) ကို ၂၀၁၀ ခုနှစ်က ခံစားခဲ့ရပါသေးတယ်။ အခုတော့ လူမြင်ကွင်းမှာ ရှိနေရတာနဲ့ပတ်သက်ပြီး စိုးရိမ်လွန်တာ နည်းပါးလားသလို ခံစားရပြီး ရှန်ဟိုင်းက ကော်ဖီဆိုင်မှာ သမီးဖြစ်သူနဲ့ ကော်ဖီသောက်နိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Ref : Jet Li Opens Up About Social Anxiety, Says He’s Probably Slightly Autistic

WL ( ရိုးရာလေး)

The post အသက်ငယ်ငယ်နဲ့ အောင်မြင်ကျော်ကြားလာတာက သူ့ကို အစိုးရိမ်လွန်ရောဂါဖြစ်စေတယ်လို့ ဖွင့်ဟခဲ့တဲ့ ဂျက်လီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post