ပုံမှာ မြင်ရတာ ယက်ကန်းစင်က ချည်မျှင်တွေ မဟုတ်ပါဘူး။ အာတိတ်စက်ဝိုင်းမှာ တညတာအတွင်း ဂြိုဟ်တုတွေ ဖြတ်သန်းသွားလာတဲ့ ပုံရိပ် ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်က ကနေဒါနိုင်ငံမြောက်ပိုင်း နူနာဗတ်အရပ်ကနေ ညဉ့်ကောင်းကင်မှာ ဖြတ်သန်းသွားတဲ့ဂြိုဟ်တုတွေကို ဓာတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။ ကနေဒါနိုင်ငံ အနောက်ပိုင်းတက္ကသိုလ်၊ ကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနမှ သုတေသီတွေ ပူးပေါင်းပြီး တန်ဖိုးနည်း ကင်မရာ ၁၄ လုံး ပေါင်းစပ် အသုံးပြုကာ ဂြိုဟ်တုတွေကို ခြေရာခံစောင့်ကြည့်တဲ့စနစ်ကြောင့် အခုလို ရိုက်ကူးနိုင်ခဲ့တာပါ။
နေက မိုးကုပ်စက်ဝိုင်းအောက်မှာပဲ ရှိနေတဲ့ကာလမျိုးမှာ ဝင်ရိုးစွန်းတွေဟာ ၂၄ နာရီလုံး အမှောင်ညနေတဲ့ Polar Night ဖြစ်စဉ်မျိုး ကြုံရလေ့ရှိပါတယ်။ တချို့ဂြိုဟ်တုတွေဆိုရင် မိနစ် ၉၀ ကို တစ်ကြိမ်နှုန်း ကမ္ဘာကို ပတ်နေတဲ့အတွက် ၂၄ နာရီအတွင်း ၁၆ ကြိမ် ဖမ်းယူရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ကင်မရာ ၁၄ လုံး ပေါင်းစပ်ထားတဲ့ ဒီစနစ်ဟာ အလွန်ဝေးကွာလွန်းတဲ့ ဂြိုဟ်တုပေါင်း ၁၇၀၀၀ ကျော်ကို စောင့်ကြည့်နိုင်စွမ်းရှိပြီး လေ့လာစောင့်ကြည့်မှုပေါင်း အကြိမ်ရေ သန်း ၅၀၀ ကျော် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
Ref: Satellite activity over the Arctic seen for the first time ever
NZ ( ရိုးရာလေး)
The post အာတိတ်စက်ဝိုင်း ညဉ့်ကောင်းကင်မှာ ဂြိုဟ်တုတွေ ဖြတ်သန်းသွားလာတဲ့ ပုံရိပ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment