ဇွန်လ ၂၁ ရက်နေ့က ဘရာဇီးနိုင်ငံတောင်ပိုင်း Santa Catarina ပြည်နယ်မှာ မိုးပျံပူဖောင်းတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မိုးပျံပူဖောင်းက လူ ၂၁ ဦးကို သယ်ဆောင်ခဲ့တာဖြစ်ပြီး လူ ၁၃ ဦး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ Santa Catarina အုပ်ချုပ်ရေးမှူးက ဆိုထားပါတယ်။
အသက်ရှင်လွတ်မြောက်ခဲ့သူတွေကို နီးစပ်ရာဆေးရုံတွေဆီ ပို့ဆောင်ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီဖြစ်ရပ်က ဘရာဇီးရဲ့ဒေသစံတော်ချိန် မနက် ၇ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီမိုးပျံပူဖောင်းဟာ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Praia Grande ပေါ် ပျံသန်းနေတဲ့ မိုးပျံပူဖောင်း ၃၀ ခုထဲက တစ်ခုဖြစ်ပါတယ်။

မိုးပျံပူဖောင်းကို မီးတွေလောင်ကျွမ်းပြီး အောက်ကို ထိုးကျနေခဲ့ပြီးနောက် မိုးပျံပူဖောင်းရဲ့ လူတွေပါတဲ့ခြင်းဟာ ပျက်စီးသွားခဲ့ကာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့တာကို ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ လူ ၂ ဦး လေထဲ ဝဲပျံကာ ပြုတ်ကျနေတာကိုလည်း မြင်တွေ့ရပါတယ်။ မိုးပျံပူဖောင်းကို မီးစစွဲတဲ့အချိန် လူတွေက ထိတ်လန့်ကာ မီးတောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ကြတယ်။ တချို့က ခုန်ချဖို့ ကြိုးစားခဲ့ကြပြီး တချို့က မီးထဲ ပိတ်မိခဲ့ကြတယ်လို့ မျက်မြင်တွေ့သူတွေက ဆိုထားပါတယ်။
မီးဟာ မီးပျံပူဖောင်းရဲ့ခြင်းအတွင်းက စလောင်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးရဲ့ပြောစကားအရ သိရပါတယ်။ သေဆုံးသူ ၈ ဦးမှာ ၄ ဦးက မီးလောင်သေဆုံးခဲ့ရပြီး ကျန် ၄ ဦးက ခုန်ချရင်းနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Ref: Hot-air balloon fire & crash kills 8 in Brazil
WL ( ရိုးရာလေး)
The post ဘရာဇီးမှာ မိုးပျံပူဖောင်းမီးလောင်ပျက်ကျပြီး လူ ၈ ဦး သေဆုံး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment