မဟတ္တမ ဂန္ဒီရဲ့ရှားပါးဆီဆေးပန်းချီကားကို လေလံတင်ရောင်းချမယ်

အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမ ဂန္ဒီရဲ့ရှားပါးဆီဆေးပန်းချီကားကို ဇူလိုင်လကျ လန်ဒန်မှာ လေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။ အိန္ဒိယသမိုင်းမှာ ဩဇာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဂန္ဒီရဲ့ဆီဆေးပန်းချီကားကို ဗြိတိန်-အမေရိကန်လူမျိုးပန်းချီဆရာမ Clare Leighton က ၁၉၃၁ ခုနှစ်မှာ ရေးဆွဲခဲ့တာပါ။ အဲ့ဒီပန်းချီကားက ပုံတူဆွဲဖို့ ဂန္ဒီ ထိုင်ပေးခဲ့တဲ့ တစ်ခုတည်းသောဆီဆေးပုံတူပန်းချီကားဖြစ်တယ်လို့ ပန်းချီဆရာမရဲ့မိသားစုဝင်တွေရဲ့ပြောစကားအရ သိရပါတယ်။

ဇူလိုင် ၇ ရက်နေ့ကနေ ဇူလိုင် ၁၅ ရက်နေ့အထိ အွန်လိုင်းမှာ လေလံတင်သွားမှာဖြစ်ပါတယ်။ “ဒါက Clare Leighton ရဲ့ရှားပါးလက်ရာဖြစ်ရုံသာမက ပုံတူဆွဲဖို့ မဟတ္တမ ဂန္ဒီ ထိုင်ပေးခဲ့တဲ့ တစ်ခုတည်းသောဆီဆေးပန်းချီကားလို့လည်းထင်ပါတယ်”လို့ ပြောထားပါတယ်။ ဒီပန်းချီကားကို ဒေါ်လာ ၆၈၀၀၀နဲ့ ဒေါ်လာ ၉၅၀၀၀ ကြား ရောင်းချဖို့ ခန့်မှန်းထားပါတယ်။

ပန်းချီဆရာမ Clare က ဂန္ဒီနဲ့ ၁၉၃၁ ခုနှစ်မှာ တွေ့ဆုံခဲ့တာပါ။ ဂန္ဒီက ဗြိတိန်အစိုးရနဲ့ လန်ဒန်မှာ တွေ့ဆုံစကားပြောတဲ့အချိန်မှာပါ။ Clare က လန်ဒန်ရဲ့လက်ဝဲယိမ်းပန်းချီပညာရှင်အသိုင်းအဝိုင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပြီး သူ့ရဲ့လက်တွဲဖော် ဂျာနယ်လစ် Henry Noel Brailsford က ဂန္ဒီနဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ဂန္ဒီနဲ့ တွေ့ဆုံချိန်မှာ ပုံတူဆီဆေးပန်းချီကို ရေးဆွဲခဲ့တာပါ။

အဲ့ဒီပန်းချီကားကို ၁၉၃၁ ခုနှစ် နိုဝင်ဘာတုန်းက လန်ဒန်မှာ ခင်းကျင်းပြသခဲ့ပါသေးတယ်။ ၁၉၇၀ ခုနှစ်အစောပိုင်းမှာ RSS တက်ကြွလှုပ်ရှားသူလို့ ယူဆရတဲ့ ဟိန္ဒူအစွန်းရောက်သမားတစ်ဦးက အဲ့ဒီပန်းချီကားကို ဓားနဲ့ ဖျက်စီးခဲ့တယ်လို့ Clare ရဲ့မိသားစုရဲ့ပြောစကားအရ သိရပါတယ်။ ဖျက်စီးခံရတာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းမရှိပေမဲ့ ပန်းချီကားရဲ့နောက်ဘက်က စာဟာ ၁၉၇၄ ခုနှစ်က အမေရိကန်မှာ ပြန်လည်ပြုပြင်ရေးဆွဲထားတယ်ဆိုတာကို အတည်ပြုထားပါတယ်။

Ref: Only known oil painting Gandhi sat for heads for UK auction

WL ( ရိုးရာလေး)

The post မဟတ္တမ ဂန္ဒီရဲ့ရှားပါးဆီဆေးပန်းချီကားကို လေလံတင်ရောင်းချမယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post