MrJazsohanisharma

ကုန်စုံဆိုင်ထဲ ကျူးကျော်ဝင်ရောက်ပြီး ဆန်ခရက်ကာမုန့်တွေ စားပစ်ခဲ့တဲ့ ထိုင်းဆင်တစ်ကောင်

ထိုင်းနိုင်ငံက တောရိုင်းဆင်တစ်ကောင်က ကုန်စုံဆိုင်တစ်ခုထဲ ကျူးကျော်ဝင်ရောက်ပြီး ဆန်ခရက်ကာမုန့်တွေနဲ့ ကြက်ဉတွေကို စားပစ်ခဲ့တာကြောင့် ဘတ် ၁၀၀၀ (စင်ကာပူဒေါ်လာ ၄၀) ဝန်းကျင်ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။ ဆင်တစ်ကောင်က ကုန်စုံဆိုင်ကနေ ၁ ကီလိုမီတာကွာဝေးတဲ့ Khao Yai National Park ကနေ လှည့်လည်သွားလာခဲ့တာဖြစ်တယ်လို့ ဇွန်လ ၂ ရက်နေ့က The Bangkok Post က ထုတ်ပြန်ခဲ့တာပါ။

ကုန်စုံဆိုင်ပိုင်ရှင်က ဈေးဝယ်သူတစ်ဦးကို ဈေးရောင်းပေးနေစဉ်မှာ အဲ့ဒီဆင်က ပေါ်လာခဲ့တာပါ။ ဆင်က ဆိုင်ထဲဝင်လာတော့ ဆိုင်ရဲ့မျက်နှာကျက်နဲ့တောင် ထိနေတာတွေ့ရပြီး Nang Led ဆိုတဲ့ Rice Cracker (ဆန်ခရက်ကာမုန့်) နဲ့ ကြက်ဉတွေကို စားပစ်ခဲ့တာပါ။

ဆိုင်ပိုင်ရှင်ဟာ ပန်းခြံဝန်ထမ်းတွေရဲ့အကူအညီကိုချက်ချင်း သွားမတောင်းခင် လန့်ဖျပ်ပြီး ဘေးကင်းရာကို ထွက်ပြေးခဲ့တာပါ။ ပန်းခြံဝန်ထမ်းတွေက ဆင်ကို ဆိုင်ကနေ ထုတ်ဖို့ ကြိုးစားနေပေမဲ့ သွားရည်စာမုန့်တွေကို ရှာနေတုန်းပါပဲ။ နောက်ဆုံးမှာ ပန်းခြံဝန်ထမ်းတွေက လေးခွအသုံးပြုကာ မောင်းထုတ်ခဲ့ရပါတယ်။ အဲ့ဒီဆင်က ဆိုင်မှာ ၁၀ မိနစ်ကြာရှိနေခဲ့တာပါ။

ဆင်က ဘာထိခိုက်ဒဏ်ရာမှမရှိဘဲ တောထဲကို ပြန်ပြေးသွားခဲ့ပါတယ်။ အဲ့ဒီဆင်က မကြာခဏ အမျိုးသားဉယျာဉ်အနီးနားနဲ့ ရပ်ကွက်တစ်ဝိုက်လှည့်လည်သွားလာနေတာကို ဒေသခံတွေမြင်တွေ့ခဲ့ဖူးပါတယ်။ အရင်က ဆိုင်ထဲဝင်ဖို့ ကြိုးစားတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

Ref: Thai elephant raids grocery store & casually snacks on rice crackers

WL ( ရိုးရာလေး)

The post ကုန်စုံဆိုင်ထဲ ကျူးကျော်ဝင်ရောက်ပြီး ဆန်ခရက်ကာမုန့်တွေ စားပစ်ခဲ့တဲ့ ထိုင်းဆင်တစ်ကောင် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post