MrJazsohanisharma

အင်္ဂလန်နိုင်ငံမှာ ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး စတင်ထိုးနှံပေးနေ

အင်္ဂလန်နိုင်ငံဟာ ဥရောပတိုက်မှာ ပထမဆုံးအဖြစ် ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး ထိုးနှံပေးလျက် ရှိပါတယ်။ Opdivo လို့ အမည်ရတဲ့ အဲဒီဆေးဟာ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၅ မျိုးကို ကုသပေးနိုင်စွမ်းရှိပြီး ဆေးထိုးနှံဖို့လည်း အချိန် ၃ မိနစ်ကနေ ၅ မိနစ်ကြားပဲ ကြာမြင့်ပါတယ်။

အခုလို ဆေးထိုးနှံမှုကြောင့် တစ်နှစ်ကို လူနာ ၁၅၀၀၀ အထိ အကျိုးသက်ရောက်မှု ရှိစေနိုင်မယ်လို့ ခန့်မှန်းထားပြီး ဆေးရုံတွေရဲ့ လုပ်ငန်းဆောင်တာကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA)က ထောက်ခံချက်ရရှိထားတဲ့ ဒီဆေးဟာ ကိုယ်ခံအားစနစ်က ကင်ဆာဆဲလ်တွေကို ခွဲခြားဖော်ထုတ်ပြီး တိုက်ဖျက်နိုင်စေတဲ့ပုံစံမျိုးနဲ့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

Ref: NHS rolls out 5-minute ‘super-jab’ for 15 cancers

NZ ( ရိုးရာလေး)

The post အင်္ဂလန်နိုင်ငံမှာ ကင်ဆာ ၁၅ မျိုးကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး စတင်ထိုးနှံပေးနေ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post