နီပေါကျောင်းသူလေး ပရာခရီတီမာလာရဲ့ လက်ရေးကတော့ ကမ္ဘာပေါ်မှာ အလှဆုံး လက်ရေးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ရှင်းလင်း သေသပ်ပြီး ပုံနှိပ်စာလုံးလို့ ထင်စရာရှိတဲ့ ပရာခရီတီရဲ့ လက်ရေးလှပုံကို ကျောင်းဆရာ၊ ဆရာမတွေက သတိထားမိသွားပါတယ်။

ပုံထဲမှာ မြင်ရတဲ့ စာသားတွေဟာ ပရာခရီတီ ၈ တန်းကျောင်းသူအရွယ်မှာ ရေးသားထားတာဖြစ်ပြီး သူ့ကျောင်းရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် လူမှုကွန်ရက်မှာ ကျော်ကြားလာခဲ့တာပါ။
ပညာရေးအဖွဲ့အစည်းတွေက ပရာခရီတီကို ကမ္ဘာ့လက်ရေးအလှဆုံးလူသားအဖြစ် အသိအမှတ်ပြုကြသလို ယူအေအီးနိုင်ငံ ၅၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူ့လက်ရေးနဲ့ ရေးသားပေးပို့ခဲ့တဲ့ သဝဏ်လွှာကြောင့် ယူအေအီးသံရုံးရဲ့ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။
Ref: prakriti malla
NZ ( ရိုးရာလေး)
The post ကမ္ဘာ့အလှဆုံးလက်ရေးပိုင်ရှင် နီပေါကျောင်းသူလေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment