လက်ဖဝါးနှစ်ဖက်လုံး မပါဘဲ မွေးဖွားလာတဲ့ မိန်းကလေးငယ်ဟာ နိုင်ငံလုံးဆိုင်ရာ လက်ရေးလှပြိုင်ပွဲမှာ ပထမဆု ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ် အနာယာအယ်လစ်ဟာ လက်အတု အသုံးပြုခြင်းမရှိဘဲ လက်ကောက်ဝတ်နှစ်ဖက်နဲ့ စာရေးတတ်အောင် လေ့ကျင့်ထားတာဖြစ်ပါတယ်။
သူဟာ ၂၀၁၆ ခုနှစ်က Zaner-Bloser လက်ရေးလှပြိုင်ပွဲရဲ့ အထူးဂရုစိုက်ရန် လိုအပ်သူများအနက် လက်ရေးအလှဆုံး ပထမဆု (Nicholas Maxim Award ) ဆွတ်ခူးခဲ့သလို ၂၀၁၈ ခုနှစ်မှာလည်း ဒုတိယအကြိမ် ဆုထပ်ရခဲ့တာပါ။
အာနာယာဟာ အခြားသူရဲ့အကူအညီမပါဘဲ ဘယ်ကိစ္စမဆို ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်အောင် အမြဲကြိုးစားလေ့ရှိပြီး ဖိနပ်ကြိုးချည်တာ၊ အဝတ်အစားလဲတာတွေကိုလည်း ကိုယ်တိုင်လုပ်နိုင်တယ်လို့ သူ့ရဲ့ဖခင်က ဆိုပါတယ်။ အာနာယာရဲ့ အရှုံးမပေးဘဲ ကြိုးစားလိုစိတ်ဟာ အားလုံးအတွက် စံနမူနာတစ်ရပ် ဖြစ်တယ်လို့ သူ့ရဲ့ဆရာမဖြစ်သူ ဆာရာက ချီးကျူးခဲ့ပါတယ်။
အာနာယာရဲ့ နောက်ထပ်ရည်မှန်းချက်တစ်ခုကတော့ အားကစားပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်သွားဖို့ပါပဲ။
Ref : Anaya Ellick, born without hands , gets her second national handwriting award.
NZ ( ရိုးရာလေး)
The post လက်ဖဝါးနှစ်ဖက် မပါဘဲ မွေးဖွားလာတဲ့ မိန်းကလေးငယ်က နိုင်ငံလုံးဆိုင်ရာ လက်ရေးလှပြိုင်ပွဲမှာ ဆုထပ်မံ ဆွတ်ခူး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment