အိုဒင်ဖရော့စ်နဲ့ ဂျော်ဒန်ဂရန်ဘာရီတို့ရဲ့ ဘဝခရီးက အံ့ဩဖွယ်ကောင်းလှပါတယ်။ သူတို့နှစ်ယောက်ဟာ မွေးလာချိန်ကတည်းက အသက်ရှင်မှာ မဟုတ်ဘူး၊ အသက်ရှင်ခဲ့ရင်လည်း လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး၊ အမြဲတမ်း တုံ့ပြန်နိုင်စွမ်းမရှိတဲ့ အခြေအနေ(vegetative state) နဲ့ ရှင်သန်ရလိမ့်မယ်လို့ ဆရာဝန်တွေက သတ်မှတ်ခဲ့ကြတာပါ။
ဒါပေမဲ့ အိုဒင်နဲ့ ဂျော်ဒန်တို့ နှစ်ယောက်လုံးက ထင်ကြေးတွေကို အံတုပြီး အံ့အားသင့်စရာတွေ လုပ်ပြနိုင်ခဲ့ပါတယ်။ သူတို့ဟာ အသက် ၃ နှစ်အရွယ်မှာ အထူးဂရုစိုက်ရန် လိုအပ်သူများကျောင်းမှာ ဆုံခဲ့ကြပြီး သူငယ်ချင်း ဖြစ်ခဲ့ကြပါတယ်။ အိုဒင်က အော်တစ်ဇင် စိတ်အခြေအနေ ရှိပြီး ဂျော်ဒန်ကတော့ မမွေးခင် သွေးတွင်းပိုးဝင်မှုကြောင့် ဦးနှောက်ထိခိုက်ခဲ့တာပါ။ အိုဒင်နဲ့ ဂျော်ဒန်က တစ်ဦးကို တစ်ဦး အရမ်းချစ်ကြပါတယ်။
အိုဒင်က အသက် ၅ နှစ်အရွယ်မှာ လမ်းစလျှောက်နိုင်ပြီး ဂျော်ဒန်ကတော့ ၁၈ နှစ်ပြည့် မွေးနေ့မတိုင်ခင်မှာပဲ လမ်းလျှောက်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်း အတူတကွပြီးဆုံးအောင်မြင်ခဲ့ကြတာပါ။
အထက်တန်းကျောင်းဆင်းပွဲ အခမ်းအနားက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ဖြစ်တာကြောင့် အကြီးအကျယ်မကျင်းပနိုင်ခဲ့ပေမဲ့ သူတို့မိဘတွေအတွက်တော့ အိုဒင်နဲ့ ဂျော်ဒန်တို့ရဲ့ အောင်မြင်မှုအတွက် အလွန့်အလွန် ကျေနပ်ဝမ်းမြောက်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံကလည်း အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး အတားအဆီးတွေအများကြီး ကျော်ဖြတ်နိုင်ခဲ့တဲ့ သူတို့နှစ်ယောက်က လူတွေက ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
Ref: 2 best friends given low chance of survival defy the odds and graduate high school together
NZ ( ရိုးရာလေး)
The post ထင်ကြေးတွေကို အံတုပြီး မထင်မှတ်လောက်အောင် စွမ်းဆောင်ပြခဲ့သူနှစ်ဦး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment