အမေရိကန်နိုင်ငံထံ တင်သွင်းမယ့် ကုန်ပစ္စည်းအားလုံးကို သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း အနည်းဆုံး ကောက်ခံပြီး အချို့နိုင်ငံတွေကို ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းအထိ တုံ့ပြန်အခွန် ကောက်ခံသွားမယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံထံ ကုန်ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီအားလုံး သွင်းကုန်အခွန် ပေးဆောင်ရမှာဖြစ်ပြီး အခွန်အခကြောင့် စားသုံးသူတွေအပေါ် ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အခုလို သွင်းကုန်အခွန် စည်းကြပ်မှုတွေ ချမှတ်လိုက်တဲ့အတွက် အမေရိကန်စီးပွားရေး အားကောင်းလာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမယ့် နိုင်ငံတွေထဲမှာ ဗြိတိန်၊ စင်ကာပူ၊ ဘရာဇီး၊ သြစတြေးလျ၊ နယူးဇီလန်၊ တူရကီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ အယ်လ်ဆာဗေးဒိုး၊ ယူအေအီး၊ ဆော်ဒီနိုင်ငံတွေ ပါဝင်နေပြီး ဧပြီလ ၅ ရက်နေ့မှာ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။
အမေရိကန်သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမှု မြင့်မားတဲ့ နိုင်ငံတွေကို တုံ့ပြန်တဲ့အနေနဲ့ တုံ့ပြန်အခွန် ကောက်ခံမှုကတော့ ဧပြီလ ၉ ရက်နေ့မှာ စတင်အကျုံးဝင်မှာဖြစ်ပြီး တရုတ် (၅၄ %)၊ ဗီယက်နမ် (၄၆ %)၊ ထိုင်း (၃၆ %)၊ ဂျပန် (၂၄ %)၊ ကမ္ဘောဒီးယား (၄၉ %)၊ တောင်အာဖရိက (၃၀ %)၊ ထိုင်ဝမ် (၃၂ %)၊ ဥရောပသမဂ္ဂ (၂၀ %)တို့ ပါဝင်နေပါတယ်။
အမေရိကန်နိုင်ငံထံ တင်သွင်းမယ့် ပြည်ပထုတ် ကားတွေအားလုံး အခွန် ၂၅ % ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး ကြာသပတေးနေ့ နံနက်မှာပဲ စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref: Trump’s tariffs on China, EU and more, at a glance
NZ ( ရိုးရာလေး)
The post အနည်းဆုံး သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment