MrJazsohanisharma

နျူကလီးယား ပေါင်းစည်းမှုကို အောင်မြင်ခဲ့တဲ့ ၁၂ နှစ်သား ကလေးငယ်

နျူကလီးယား ပေါင်းစည်းမှုကို လုပ်ဆောင်နိုင်တဲ့ ကမ္ဘာ့အသက်အငယ်ဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့သူ အသက် ၁၂ နှစ်အရွယ် ကလေးငယ်ဟာ FBI ရဲ့ ဖိတ်ခေါ်ခြင်းကို လက်ခံရရှိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်၊ မန်ဖစ်မြို့မှာ နေထိုင်တဲ့ ဂျက်ဆန်အော့စ်ဝက်ဟာ ဗီဒီယိုဂိမ်း ကစားရတာကို ငြီးငွေ့လာခဲ့ပြီးနောက် သူ့ နေအိမ် ကစားစရာအခန်းထဲမှာပဲ အွန်လိုင်းကရတဲ့ ပစ္စည်းတွေသုံးကာ နျူကလီးယားပေါင်းစည်းမှုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာပါ။

” ဗီဒီယိုဂိမ်းကို ဘယ်လောက် မိုးပျံနေအောင် ဆော့နိုင်ပါစေ ဘာအဓိပ္ပာယ်မှ မရှိပါလားဆိုတာကို ကျွန်တော် ရုတ်တရက် တွေးမိသွားတယ်။ အဲဒီတော့ ကျွန်တော့်အလေ့အကျင့်ကို ပြောင်းလဲလိုက်တယ်။ ဗီဒီယိုဂိမ်းနဲ့ အနီးစပ်ဆုံးတူတဲ့ သိပ္ပံဘက် ခြေဦးလှည့်ဖြစ်ခဲ့တာပါ” လို့ အော့စ်ဝက်က ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ သူ့ရဲ့ အသက် ၁၃ နှစ်ပြည့် မွေးနေ့မတိုင်မီ ၂ နာရီအလိုမှာ အော့စ်ဝက်က အက်တစ်ဗဟိုဆံချင်း ပေါင်းစည်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: 12-year-old boy who achieved nuclear fusion in his playroom got visit from FBI

NZ (ရိုးရာလေး)

The post နျူကလီးယား ပေါင်းစည်းမှုကို အောင်မြင်ခဲ့တဲ့ ၁၂ နှစ်သား ကလေးငယ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post