ကမ္ဘာ့အသေးငယ်ဆုံး နှလုံးစက်ကို ကလေးငယ်တွေမှာ အသုံးပြုဖို့ FDA ခွင့်ပြု

ဘောပင်တစ်ချောင်းစာပဲ အရွယ်အစားရှိတဲ့ နှလုံးစက်ကို ကလေးတွေမှာ အသုံးပြုနိုင်ပြီလို့ အမေရိကန်နိုင်ငံ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က ခွင့်ပြုပေးလိုက်ပါပြီ။ Impella 5.5 လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အသေးဆုံး နှလုံးစက်ဟာ နှလုံးရပ်တန့်သွားတဲ့အချိန်တွေမှာ ရင်ဘတ်ခွဲစိတ်မှုလုပ်စရာမလိုဘဲ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မွေးရာပါ နှလုံးရောဂါရှိတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ် ပင်နေးဟာ အသက် ၁၉ နှစ်အရွယ်တုန်းက နှလုံးစက် ရပ်တန့်သွားတဲ့အတွက် Impella 5.5 နှလုံးစက် ထည့်သွင်းအသုံးပြုပြီး အသက်ဆက်ရှင်ခဲ့တာ ဖြစ်ပါတယ်။ ” နှလုံးအတွက် အလုပ်ဖြစ်တဲ့စက်ပါ။ ဒီစက်ကပဲ ကျွန်မအသက်ကို ကယ်ခဲ့တာ။ ကျွန်မကတော့ ဒီစက်ကို အယ်လာလို့ နာမည်ပေးထားတယ်”လို့ ပင်နေးက ဆိုပါတယ်။

ယခင်က ရင်ဘတ်ခွဲစိတ်မှုမလုပ်ရင် နှလုံးစက် ထည့်သွင်းမရနိုင်ဘူးဆိုတဲ့ အခြေအနေမျိုးကနေ အခုလိုမျိုး တိုးတက်လာတာဟာ ကစားပွဲရဲ့ အလှည့်အပြောင်းပါပဲလို့ ဖီလာဒဲဖီးယားကလေးဆေးရုံမှ ဆရာဝန် ခဆုဟီဒီမဲဒါက ဆိုပါတယ်။

Ref: World’s Smallest Heart Pump ‘A Game-changer’ in Keeping Failing Hearts Going Without Major Surgery

NZ ( ရိုးရာလေး)

The post ကမ္ဘာ့အသေးငယ်ဆုံး နှလုံးစက်ကို ကလေးငယ်တွေမှာ အသုံးပြုဖို့ FDA ခွင့်ပြု appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post