ဖေဖော်ဝါရီ ၅ ရက်နေ့က တောင်ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ 2PM အဖွဲ့ဝင်အဆိုတော်မင်းသား အို့တက်ယွန်နဲ့ သူ့ချစ်သူကောင်မလေးတို့ရဲ့ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဓာတ်ပုံတွေမှာ အို့တက်ယွန်ဟာ ပါရီမြို့ရှိ အီဖယ်မျှော်စင်ရှေ့မှာ ဒူးထောက်ပြီး လက်စွပ်ကိုင်ကာ ကောင်မလေးကို လက်ထပ်ခွင့်တောင်းနေသလိုတွေ့ရပါတယ်။

မနှစ်က ရိုက်ထားတဲ့ ဒီဓာတ်ပုံတွေကို ဓာတ်ပုံဆရာတစ်ယောက်က တင်ခဲ့တာဖြစ်ပေမဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဖျက်ပစ်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အို့တက်ယွန်ရဲ့အေဂျင်စီ 51K က တာဝန်ရှိသူတစ်ဦးဟာ အခုလိုရှင်းလင်းလာခဲ့ပါတယ်။ “ဒီဓာတ်ပုံတွေဟာ လက်ထပ်ခွင့်တောင်းတဲ့အနေနဲ့ ရိုက်ထားတာမဟုတ်ပါဘူး။ မနှစ်က သူ့ချစ်သူရဲ့မွေးနေ့အတွက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေက ကံမကောင်းစွာနဲ့ ပေါက်ကြားသွားခဲ့ပြီး လူမှုကွန်ယက်အသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်”လို့ ဆိုပါတယ်။

“အို့တက်ယွန်ဟာ သူ့ချစ်သူကောင်မလေးနဲ့ ဆက်ဆံရေးကောင်းနေတုန်းပါပဲ။ အချိန်ကျလာတဲ့ တစ်ချိန်ကျ သူ လက်ထပ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပေမဲ့ အခုအချိန်မှာတော့ သူ လက်ထပ်ဖို့ အစီအစဉ်မရှိသေးပါဘူး”လို့လည်း အေဂျင်စီက ပြောကြားသွားခဲ့ပါတယ်။

အို့တက်ယွန်ဟာ ၂၀၂၀ ခုနှစ်က အနုပညာအသိုင်းအဝိုင်းက မဟုတ်တဲ့ ကောင်မလေးနဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို လူသိရှင်ကြားထုတ်ပြထားခဲ့တာပါ။
Ref: Taecyeon’s Agency Comments On Rumored Marriage Proposal
WL (ရိုးရာလေး)
The post လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ပုံတွေက လက်ထပ်ခွင့်တောင်းတဲ့ပုံတွေမဟုတ်ကြောင်း 2PM အဖွဲ့ဝင်အဆိုတော်မင်းသားအို့တက်ယွန်ရဲ့အေဂျင်စီထုတ်ပြန် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment