“ခြံစည်းရိုးကြီး မယ်တော်ဟောင်စု”ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အမေစုကို ရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း မျက်ရည်ဝဲရင်း လက်အုပ်ချီပြီး တောင်းပန်လာတဲ့ ဖြူဖြူထွေး
မကြာသေးခင်အချိန်က ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့တဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ်ကြောင့် လူတွေကြားမှာ အာရုံစိုက်စရာဖြစ်လာခဲ့ရပြီး
ဒီကြော်ငြာရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဖြူဖြူထွေးရဲ့ စိတ်ဓာတ်အမှန်ကို သိချင်နေခဲ့ကြတာပါ။
တိုက်ဆိုင်မှုတွေများလွန်းတဲ့ ဒီကြော်ငြာအကြောင်းကိုတော့ ဖြူဖြူထွေးဘက်က ဘာကိုမှ မရည်ရွယ်ပါဘူးလို့ ပြောထားခဲ့ပေမဲ့လည်း
မထင်မှတ်ထားလောက်အောင် လူပြောများသွားခဲ့တာကြောင့် ဖြူဖြူထွေးကတော့ အခုအချိန်မှာ လူကိုယ်တိုင်ထွက်လာကာ တောင်းပန်ခဲ့ရတာဖြစ်ပြီး “သမီးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသူတွေအားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်”လို့ဆိုကာ လက်အုပ်ချီရင်း တောင်းပန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာတွေ့ရတဲ့ ဖြူဖြူထွေးရဲ့ပုံစံဟာ မျက်နှာငယ်နဲ့ ငိုတော့မယ့်ပုံမျိုးဖြစ်နေခဲ့တာကြောင့် သူ့ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။
The post စိတ်အနှောင့်အယှက်ဖြစ်သွားကြတဲ့ တစ်ဦး တစ်ယောက်ဆီတိုင်းကို အနူးအညွှန့်တောင်းပန် Video appeared first on .
Your new digest 49
Post a Comment