လက်မှတ်ရောင်းရငွေ ဒေါ်လာ ၂ ဘီလျံကျော်ရရှိခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ The Eras Tour

ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ The Eras Tour က ဒီဇင်ဘာ ၈ ရက်နေ့က ကနေဒါနိုင်ငံ၊ ဗန်ကူးမားမှာ ပြီးဆုံးသွားခဲ့ပါတယ်။ အဲ့ဒီ The Eras Tour ဟာဆိုရင် လက်မှတ်ရောင်းရငွေ ကန်ဒေါ်လာ ၂ ဘီလျံကျော်ရရှိခဲ့ပါတယ်။ တေလာရဲ့ဒီTour က စံချိန်တင်ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်ကာ အတိအကျပြောရရင် လက်မှတ်ရောင်းရငွေဟာ ဒေါ်လာ ၂၀၇၇၆၁၈၇၂၅ ရရှိခဲ့ပြီး လာရောက်ကြည့်ရှုသူ ၁၀၁၆၈၀၀၈ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း The Eras Tour ဟာ ဝင်ငွေ ကန်ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့လို့ ဝင်ငွေအမြင့်ဆုံးဂီတဖျော်ဖြေပွဲဖြစ်ခဲ့ပါတယ်။ တေလာရဲ့ကမ္ဘာ့လှည့်ဖျော်ဖြေပွဲက StubHub သမိုင်းမှာ ရောင်းအားအကောင်းဆုံးဖျော်ဖြေပွဲခရီးစဉ်ဖြစ်တယ်လို့ StubHub (လက်မှတ်အရောင်းကုမ္ပဏီ) ကလည်း အတည်ပြုထားပါတယ်။

တေလာဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲရဲ့နောက်ဆုံးရှိုးပွဲနေ့မှာ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ “ယနေ့အထိ ကျွန်မရဲ့ဘဝတစ်လျှောက်လုံး စိတ်လှုပ်ရှားစရာအကောင်းဆုံး Eras Tour မှာ ပါဝင်ခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ချင်ပါတယ်”လို့ တေလာက ဆိုပါတယ်။ ရှိုးပွဲရဲ့နောက်ဆုံးသီချင်းဖြစ်တဲ့ Karma သီဆိုပြီးနောက် သူ့ရဲ့အကသမားတွေကို ပွေ့ဖက်ခဲ့ပါသေးတယ်။

တေလာဆွစ်ဖ်က The Eras Tour အကြောင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။

Ref: Taylor Swift’s The Eras Tour grosses over $2 billion in ticket sales

WL (ရိုးရာလေး)

The post လက်မှတ်ရောင်းရငွေ ဒေါ်လာ ၂ ဘီလျံကျော်ရရှိခဲ့တဲ့ တေလာဆွစ်ဖ်ရဲ့ The Eras Tour appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post