ကမ္ဘာပေါ်က တော်ဝင်မိသားစုတွေ၊ သန်းကြွယ်သူဌေးတွေ မှာယူသောက်သုံးလေ့ရှိတဲ့ တန်ဖိုးကြီးရေသန့်တစ်မျိုးကတော့ တစ်လီတာကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှုန်းလောက် ကျသင့်ပါတယ်။ Fillico Jewelry Water လို့ အမည်ရတဲ့ ဂျပန်ရေသန့်ကုမ္ပဏီဟာ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထင်ရတဲ့ဈေးကွက်ကို ဝင်ရောက်ထိုးဖောက်ပြီး သူ့ရဲ့ထုတ်ကုန်အချို့ကို အကန့်အသတ်နဲ့တောင် ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။
၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Fillico Jewelry Water ကုမ္ပဏီဟာ နောက်တစ်နှစ်အကြာမှာပဲ ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီ Christian Dior ရဲ့ အထူးဖောက်သည်တော်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ်မှာတော့ ကိန်းစ်ရုပ်ရှင်ပြပွဲကို စပွန်ဆာပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကိုဘေးမြို့၊ ရော့ကူအမျိုးသားဥယျာဉ်ထဲမှ နူနိုဘီကီစမ်းရေကို ထည့်သွင်းထားတာကြောင့် Fillico ရေဟာ သဘာဝအတိုင်း သန့်စင်မှုအလွန်မြင့်မားသလို သဘာဝသတ္တုဒြပ်တွေလည်း ပြည့်ဝပါတယ်။ မီးတောင်ကျောက်ကို ဖြတ်သန်းစီးဆင်းလာတာကြောင့် အလွန်လတ်ဆတ်တဲ့ အရသာကို ခံစားရမှာဖြစ်ပြီး သဘာဝအတိုင်း မပျက်အောင် ပုလင်းသွင်းထားတာပါ။
Fillico ရေသန့်ဘူးခွံကို Swarovski ကျောက်တွေနဲ့ စီခြယ်ကာ လက်ရာမြောက် အနုစိတ် ဖန်တီးထားတာကြောင့် တန်ဖိုးကြီးမားတဲ့အရာလို့ ခံစားမိစေမှာပါ။ တစ်ဘူးချင်းစီကို လက်နဲ့အချိန်ယူ ဖန်တီးတာဖြစ်ပြီး တစ်လကို ရေသန့်ဘူး ၅၀၀၀ ပဲ ထုတ်လုပ်ဖို့ ကန့်သတ်ထားပါတယ်။ ဒါကြောင့်မို့လည်း Fillico ရေသန့်ဘူးက ဈေးနှုန်းမြင့်မားနေတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက တော်ဝင်မိသားစုတွေ၊ သန်းကြွယ်သူဌေးတွေ မှာယူသောက်သုံးကြပါတယ်။
နောက်ပိုင်းမှာ Fillico က ပိုမိုဈေးသက်သာတဲ့ ဒုတိယမျိုးဆက် ရေသန့်ဘူးတွေ ထုတ်လုပ်ပြီး တစ်လီတာ တစ်ဘူးကို အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်နဲ့ ရောင်းနေပေမဲ့ မူလလက်ဟောင်း ရေဘူးတွေကိုတော့ အကန့်အသတ်နဲ့ပဲ ထုတ်လုပ်တာကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ တစ်လီတာ တစ်ဘူးကို ဒေါ်လာ ၁၀၀၀၀ ကျော်နှုန်းနဲ့ပဲ ဆက်လက်ရောင်းချလျက် ရှိပါတယ်။
Ref: Japanese Ultra-Luxury Bottled Water Can Cost Up to $10,000 Per Liter
NZ( ရိုးရာလေး)
The post ၁ လီတာဘူးကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ လောက် ကျသင့်တဲ့ တန်ဖိုးကြီးရေသန့်ဘူး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment