(ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ဘဏ်မှာ အပ်နှံထားတဲ့ အထောက်အထား တင်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်ထားပါတယ်။
ဓာတ်သတ္တု (ရွှေ) ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်တဲ့ အချက် (၁၂) ချက်ကို YGEA က ထုတ်ပြန်ရာမှာ လုပ်ငန်းပမာဏရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ငွေကြေးကို ဘဏ်မှာ အပ်နှံထားကြောင်း Bank statement ပါ တင်ပြရမယ်လို့ ပါဝင်လာတာပါ။
ဘယ် bank ဖြစ်ဖြစ်ရပေမယ့်လို့ Bank statement တင်ပြရာမှာ ဘဏ်မန်နေဂျာကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မူရင်းစာရွက် ဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဆိုင်ရဲ့ အရှေ့မျက်နှာစာမှာ ပိုင်ရှင်နှင့်အတူ တွဲလျှက် ဓါတ်ပုံ(၁ ပုံ) ၊ ဆိုင်ထဲတွင် ပြသထားသည့် ပစ္စည်းများပါသည့် ဓါတ်ပုံ(၁ ပုံ)
တွဲတင်ပေးရမှာဖြစ်ပြီး အရောင်းအဝယ် ပမာဏကို ရွှေအနေနဲ့ ဖော်ပြပေးရမယ့် အချက်တွေလည်း ပါဝင်ပါတယ်။
ပြည်တွင်းမှာ ကောလဟာလပေါင်းစုံဖြင့် ရွှေစျေး အကြီးအကျယ် ထိုးတက်ရာကနေ တစ်ဆင့် စျေးကွက်ကို မထိန်းချုပ်နိုင်ဖြစ်လာသည့်နောက်
ရွှေရောင်းဝယ်ခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း ကန့်သတ်ချက်တွေ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရောင်းစျေး-ဝယ်စျေး စျေးခွာကြမ်းမှု အပါအဝင် ရွှေဆိုင်တွေရဲ့ ဆိုင်ဘက် အသာစီးယူလွန်းတဲ့ လုပ်ရပ်တွေကြောင့် ရွှေလုပ်ငန်းအပေါ် အများပြည်သူ ယုံကြည်မှု အကြီးအကျယ် ကျဆင်းနေခဲ့တာပါ။
အခုလို ဘဏ်အာမခံကြေး ပေးသွင်းရမယ့် သတ်မှတ်ချက်ဟာ ရွှေလုပ်ငန်းအပေါ် ကြီးကြီးမားမား အထိနာစေနိုင်ကြောင်း သုံးသပ်ချက်တွေ ရှိနေသလို အဆုံးသတ်မှာ ဝယ်သူတွေကပဲ နစ်နာလိမ့်မယ်ဆိုတဲ့ အမြင်တွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။
The post ရွှေဆိုင်တွေ အကြပ်ရိုက်သွားနိုင်တဲ့ လိုင်စင်လျှောက်ထားရာမှာ လိုအပ်မယ့် ၁၂ချက် ထွက်ပေါ် appeared first on .
Your new digest 49
Post a Comment