အသက် ၁၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကိုရီးယား-အမေရိကန်ကပြားမော်ဒယ်လေးဟာ သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် အသက် ၁၀ နှစ်အရွယ်မှာ လူစိတ်ဝင်စားမှုများခဲ့တာပါ။ သူ့ကို ကိုရီးယားအဆိုအဖွဲ့ Blackpinkရဲ့ အဖွဲ့ဝင် Jennie နဲ့ ရုပ်ဆင်တဲ့အတွက် “Jennie အသေးစားလေး”လို့လည်း နာမည်ပြောင်ပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့အပတ်က အဲလာဟာ Tiffany & Co event ပွဲကို တက်ရောက်တော့ လူအများရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းအနက်ရောင်ဂါဝန်အတိုနဲ့ ဒေါက်ဖိနပ်ကို ဝတ်ဆင်ထားပေမဲ့လည်း လူမှုကွန်ယက်အသုံးပြုသူတွေကို သူ့ရဲ့အလှနဲ့ မျက်စိကျစေခဲ့တာပါ။ ငယ်ငယ်လေးကတည်းက လှတာလို့ ချီးကျူးကြသလို အပြင်လက်တွေ့ဘဝက Disney မင်းသမီးလေးနဲ့တူတယ်လို့လည်း ပြောကြပါတယ်။
ကိုရီးယားလူမျိုးမိခင်နဲ့ ဂျာမန်-အမေရိကန်လူမျိုးဖခင်တို့ကနေ လော့စ်အိန်ဂျယ်လိစ်မြို့မှာမွေးဖွားခဲ့တဲ့ အဲလာဟာ အသက် ၂ နှစ်အရွယ်မှာ မော်ဒယ်စလုပ်ခဲ့တာပါ။ အသက် ၇ နှစ်မှာ Zara၊ GAP၊ Abercrombie & Fitch လို နိုင်ငံတကာနာမည်ကြီးတံဆိပ်တွေအတွက် မော်ဒယ်လုပ်ပေးခဲ့ရပါတယ်။ သူဟာ Netflix စီးရီးဖြစ်တဲ့ Malibu Rescue နဲ့ Star Trek: Picard တွေမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ သူ့ရဲ့မောင်လေး အသက် ၁၄ နှစ်အရွယ် ရိုမန်းကလည်း ကလေးသရုပ်ဆောင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်ရဲ့ Nope ရုပ်ရှင်ကားမှာ ပါဝင်ထားပါတယ်။
အခုနှစ် စက်တင်ဘာလကမှ အဲလာက YG Entertainment ရဲ့ အေဂျင်စီခွဲ The Black Label ကမွေးထုတ်လိုက်တဲ့ မိန်းကလေးအဆိုအဖွဲ့အသစ် Meovv ရဲ့အဖွဲ့ဝင်အဖြစ် ကေပေါ့ပ်စတားဖြစ်လာခဲ့ပါတယ်။
Ref: Child Model-Turned K-Pop Star Ella Gross, 16, Stuns In Her Latest Photos
WL (ရိုးရာလေး)
The post ကလေးမော်ဒယ်ကနေ ကေပေါ့ပ်စတားဖြစ်လာပြီဖြစ်တဲ့ အဲလာ ဂရော့စ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment