မလေးရှားစွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့စားသောက်ဆိုင်နဲ့ ကာရာအိုကေလုပ်ငန်းတွေအောင်မြင်စေဖို့ ပံ့ပိုးကူညီပေးတဲ့ ဝန်ထမ်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သူတို့ကို ရင်းဂစ် ၃.၁ သန်းတန်ဖိုးရှိတဲ့ကားတွေလက်ဆောင်ပေးခဲ့ပါတယ်။ ဂျွန်ဝန်ဆိုတဲ့ အဲ့ဒီလုပ်ငန်းရှင်က Warakuya Japanese Restaurant နဲ့ Superstar Family KTV တည်ထောင်သူဖြစ်ပါတယ်။
ဂျွန်က သူ့ရဲ့ဝန်ထမ်းတွေကို သူတို့ရဲ့အလုပ်ကြိုးစားမှုအတွက် နှစ်စဉ်ဆုချီးမြှင့်လေ့ရှိပါတယ်။ အခုနှစ်မှာတော့ ဝန်ထမ်း ၃၁ ဦးက BMW၊ Audi၊ Toyota၊ Honda၊ Proton အစရှိတဲ့ နာမည်ကြီးကားတွေ လက်ခံရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကားချီးမြှင့်တဲ့အခမ်းအနားကျင်းပခဲ့ပြီး နှစ်ရှည်ကြာထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်း ၄ ဦးကို ရင်းဂစ် ၁.၈ သန်းတန်ဖိုးရှိ BMW 6 series ကားတစ်စီးဆီ ပေးအပ်ခဲ့ပါတယ်။ လက်ခံရရှိသူတွေထဲမှာ C-level အမှုဆောင်နဲ့ ဌာနခွဲမန်နေဂျာတွေပါဝင်ပါတယ်။
နီပေါနဲ့ မြန်မာနိုင်ငံက ဝန်ထမ်းတွေလည်း ယာဉ်မောင်းလိုင်စင်တွေအပါအဝင် ကုန်ကျစရိတ်အားလုံးကျခံထားတဲ့ ကားတွေကို လက်ခံရရှိခဲ့ပါတယ်။ ကုမ္ပဏီကနေ BMW ကားကို လက်ခံရရှိခဲ့တာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်က ပထမဆုံးရရှိခဲ့တာဖြစ်တယ်လို့ အသက် ၃၄ နှစ်အရွယ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
Warakuya Japanese Restaurant နဲ့ Superstar Family KTV တွေကို Klang Valley နဲ့ Johor တွေမှာ ဆိုင်ခွဲ ၈ ခုနဲ့ ၆ ဆိုင် အသီးသီး ဖွင့်လှစ်ထားပါတယ်။
Ref: Malaysian Boss Gifts Employees RM3.1 Million Worth Of BMW, Audi, Toyota & Proton Cars
WL (ရိုးရာလေး)
The post ဝန်ထမ်းတွေကို ရင်းဂစ် ၃.၁ သန်းတန်ဖိုးရှိ ကားတွေလက်ဆောင်ပေးတဲ့ မလေးရှားသူဌေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment