ထရစ်ပ်ဆိုတဲ့ ကလေးလေးဟာ သူ မွေးဖွားလာကတည်းက ကိုယ်အလေးချိန် ၁ ပေါင်တောင်မပြည့်ခဲ့ပါဘူး။ လမစေ့ဘဲ ၂၁ ပတ်နဲ့ မွေးဖွားခဲ့ရတာပါ။ အခုဆို ထရစ်ပ်က အသက် ၁ နှစ်ပြည့်သွားခဲ့ပါတယ်။ သူ့မွေးနေ့ကို စူပါမန်းဝတ်စုံလေးနဲ့ ဆင်နွှဲခဲ့ပါတယ်။
သူတို့အံ့အားသင့်ခဲ့ရပြီး အသက်မရှင်နိုင်တော့ဘူးလို့ထင်ခဲ့ရတဲ့ သူတို့ရဲ့ကလေးလေးဟာ အသက် ၁ နှစ်ပြည့်မွေးနေ့ဆင်နွှဲနေရပြီလို့ ထရစ်ပ်ရဲ့မိခင်က ပြောပါတယ်။

ထရစ်ပ်ရဲ့အမေ ဂါဗင်က ကိုယ်ဝန် ၅ လမှာ လမစေ့ဘဲ မီးဖွားလိုက်ရပါတယ်။ ရက်တော်တော်ကြာ ဆေးရုံတက်လိုက်ရပြီး ဆေးဘက်ဆိုင်ရာအဖွဲ့က လမစေ့ဘဲမွေးဖွားတာ နှောင့်နှေးဖို့ တက်နိုင်သလောက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့မှာ ထရစ်ပ်ကို မွေးဖွားခဲ့ရပြီး မွေးဖွားချိန်မှာ ထရစ်ပ်က ကိုယ်အလေးချိန် ၁၅.၃ အောင်စပဲရှိခဲ့ပါတယ်။

ထရစ်ပ်ကို မွေးပြီးပြီးချင်း အသက်ရှုစက်တပ်ထားရပြီး မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ တင်ထားခဲ့ရပါတယ်။ ဂါဗင်တို့က သူတို့ရဲ့သားလေးကို ကိုင်ခွင့်ရဖို့ အချိန် ၁ လစောင့်ဆိုင်းခဲ့ရပါတယ်။ ဒီဇင်လာလမှာ ထရစ်ပ် ဆေးရုံကမဆင်းခင်ထိ အထူးကြပ်မတ်ကုသဆောင်မှာ ၅ လ ကုန်ဆုံးခဲ့ရပါတယ်။ သူ ဆေးရုံကဆင်းချိန်မှာ ကိုယ်အလေးချိန် ၅ ပေါင်ပဲရှိပေမဲ့ ကျန်းမာရေးပြဿနာတွေမရှိဘဲ အိမ်ပြန်ခွင့်ရခဲ့ပါတယ်။
အခုနှစ် ဇွန်လမှာတော့ ထရစ်ပ်က ၁ နှစ်ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့ပါပြီ။
Ref: Baby born weighing less than 1 pound celebrates 1st birthday
WL (ရိုးရာလေး)
The post ကိုယ်အလေးချိန် ၁ ပေါင်တောင်မပြည့်ဘဲ မွေးဖွားလာခဲ့တဲ့ ကလေးလေး အသက် ၁ နှစ်ပြည့်ခဲ့ပြီ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment