The global gold price is rising and the domestic gold price is also rising continuously

ဒီရက်ပိုင်းမှာ ကျင်းပတဲ့အမေရိကန်ဗဟိုဘဏ် အစည်းအဝေးကနေ ထွက်ပေါ်လာမယ့် အတိုးနှုန်းမူဝါဒ အပြောင်းအလဲကို

ရင်းနှီးမြှုပ်နှံသူတွေက စောင့်မျှော်နေချိန်မှာပဲ ဒီနေ့ ကမ္ဘာ့ရွှေဈေးက အနည်းငယ်မျှ မြင့်တက်လာပါတယ်။

ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၃၅ ဒေါ်လာဝန်းကျင် ရှိနေပြီး မနေ့ကနဲ့စာရင် ဝ.၂ % မြင့်လာပါတယ်။ အလားတူ အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ဝ.၅ % မြင့်လာပြီး ၂၀၃၄.၉၀ ဒေါ်လာ ရှိနေပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အမေရိကန်ဗဟိုဘဏ်အနေနဲ့ လာမယ့် မတ်လမှာ အတိုးနှုန်းတွေ ပြန်လျှော့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကမ္ဘာ့ရွှေဈေးကလည်း အစည်းအဝေးရလဒ်ပေါ် မူတည် ပြောင်းလဲမယ်လို့ ဈေးကွက် သုတေသီတွေက ခန့်မှန်းထားပါတယ်။

တကယ်လို့သာ ဈေးကွက်က မျှော်မှန်းသလို ဖြစ်မလာဘဲ အတိုးနှုန်း မပြောင်းလဲသေးဘူးဆိုရင်တော့ ရွှေဈေးက ဒေါ်လာ ၂၀၀၀ ဈေးတန်းအထိ ပြုတ်ကျလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေး ခပ်ပါးပါး တက်လာချိန်မှာ နဂိုတည်းက တက်ပြီးရင်းတက်နေတဲ့ ပြည်တွင်းရွှေဈေးက ဒီနေ့ (ဇန်နဝါရီ ၃၀) မှာ တစ်ကျပ်သားကို ၃၉ သိန်းနားအထိ ရောက်ရှိလာပါတယ်။

အခု ၂၀၂၄ နှစ်သစ်အစ ဇန်နဝါရီလအတွင်း ပြည်တွင်းရွှေဈေးနှုန်းဟာ ကျပ် ၃၇ သိန်းကျော်ကနေ ၃၉ သိန်းနားအထိ တောက်လျှောက် မြင့်တက်လာနေပြီး ပြင်ပဒေါ်လာဈေးကလည်း ၃၅၀၀ ကျပ်အထက် မြင့်တက်လာပါတယ်။

The post The global gold price is rising and the domestic gold price is also rising continuously appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post