MrJazsohanisharma

ဂလာတာဆာရေးနဲ့ပွဲအတွက် အသင်းသားတွေကို သတိပေးလိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်က ယနေ့ည ဂလာတာဆာရေးနဲ့ ကစားရမယ့် ပြင်းထန်တဲ့ပတ်ဝန်းကျင်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားပြီး အေးအေးဆေးဆေး ကစားရမယ်လို့ ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုအပတ် အစ္စတန်ဘူလ်မှာ အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အုပ်စုပွဲစဉ် ၂ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ အုပ်စု အောက်ခြေမှာ ရပ်တည်နေရတာစြဖ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ တူရကီမှာသာ အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ကောင်းမွန်တဲ့ အနေအထားကို ရောက်ရှိသွားမှာဖြစ်ပြီး သရေကျခဲ့ရင်လည်း မျှော်လင့်ချက် ဆက်လက်အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

ဂလာတာဆာရေးဟာ အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်သလို အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်တာကြောင့် တန်ဟက်က ကစားသမားတွေကို ပြင်းထန်တဲ့ ပတ်ဝန်းကျင်မှာ ခေါင်းအေးအေးထားပြီး ကစားရမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။

“ခင်ဗျား ခေါင်းအေးအေးထားရမှာဖြစ်ပြီး အရမ်း စိတ်ခံစားချက်များလို့မရပါဘူး။ စိတ်ခံစားမှုကို ထိန်းချုပ်ပါ။ သူတို့ကို ဘာမှ မပေးပါနဲ့။ ဒိုင်လူကြီးကလည်း အတူတူပါပဲ။ သူတို့ အသာစီးရယူသွားနိုင်တဲ့ အခိုက်အတန့်မျိုး မပေးမိပါစေနဲ့။ ဆိုတော့ ခင်ဗျား အဲဒီလို အခိုက်အတန့်တွေကနေ ဝေးဝေးမှာ နေရမယ်။ ခင်ဗျားရဲ့ ပွဲဖြစ်အောင် လုပ်ရမယ်။ ပြိုင်ဘက် ဘယ်လိုကစားနေလဲဆိုတာကိ အရေးမကြီးပါဘူး။ ကျွန်တော်တို့ ဘယ်လိုကစားနေလဲဆိုတာက အရေးကြီးတာပါ။ ကျွန်တော်တို့ အရမ်း ပြင်းထန်တဲ့ အဝေးကွင်းပွဲစဉ်အချို့ ကစားခဲ့ရပြီး အရမ်းကောင်းကောင်း ကစားနိုင်ခဲ့တယ်။ စိတ်အေးအေးနဲ့ အာရုံစူးစိုက်နိုင်ခဲ့တယ်။ မန်ချက်စတာယူနိုက်တက်က ကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းရှိပါတယ်။ ကျွန်တော်တို့ ပွဲဖြစ်အောင် လုပ်ရမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကလည်း တူရကီကလပ်အသင်းအပေါ်ရော သူတို့အသင်းပရိသတ်တွေအပေါ်မှာပါ စိန်ခေါ်နိုင်မယ့် အခွင့်အရေးက စောင့်မျှော်နေခဲ့ရတဲ့အရာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ခင်ဗျား ကလေးဘဝတုန်းက ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးမှာ ကစားချင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဂလာတာဆာရေးအဝေးကွင်းပွဲက အရမ်းကောင်းမယ်။ အံ့အားသင့်စရာ ပတ်ဝန်းကျင်ဖြစ်မယ်ဆိုတာ ခင်ဗျား သိပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် ဒီလိုပွဲမျိုးကို နှစ်သက်တယ်။ အဲဒါက ခင်ဗျားနဲ့ ဆန့်ကျင်ဘက်ဖြစ်လာမယ့်ပွဲဆိုတာ ကျွန်တော် သိပေမယ့် ဒီလိုမျိုး ပရိသတ်တွေနဲ့ ကွင်းထဲမှာ ကစားရတာက ကြီးမားတဲ့ အားတက်စရာတစ်ခုဖြစ်ပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမအကျော့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းက ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ရလဒ်ကောင်း ပြန်လည်ရယူဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲရစ် တန်ဟက်က ယနေ့ည ဂလာတာဆာရေးနဲ့ ကစားရမယ့် ပြင်းထန်တဲ့ပတ်ဝန်းကျင်မှာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားပြီး အေးအေးဆေးဆေး ကစားရမယ်လို့ ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။








REF: INTERNET SOURCES
SPORTS A2Z.

The post ဂလာတာဆာရေးနဲ့ပွဲအတွက် အသင်းသားတွေကို သတိပေးလိုက်တဲ့ တန်ဟက် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post