MrJazsohanisharma

PGMOL ရဲ့ တောင်းပန်စာအတွက် မန်ယူနိုက်တက်နဲ့ စပါးစ်ကို နှိုင်းယှဉ်ပြီး တုံ့ပြန်ခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က စပါးစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်ရဲ့ သွင်းဂိုးကို မှားယွင်းစွာ ငြင်းပယ်ခဲ့မိတယ်လို့ PGMOL က ဝန်ခံခဲ့တာက ၎င်းရဲ့အသင်းကို အကူအညီမဖြစ်စေဘူးလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ စနေနေ့ညက ဂျိုရယ် မာတစ်ပ်ရဲ့ နာကျင်အချိန်ပိုမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ သွင်းဂိုးကြောင့် တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့အသင်းဟာ ကာတစ် ဂျုံးစ်နဲ့ ဂျိုတာတို့ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၂ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို VAR က အငြင်းပွားဖွယ် လူကျွံဘောအဖြစ် ငြင်းပယ်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ PGMOL က လီဗာပူးလ်ရဲ့သွင်းဂိုးဟာ သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က PGMOL ရဲ့ ထုတ်ပြန်ကြေညာချက် ထွက်လာချိန်မှာ ပွဲပြီးသတင်းစာရှင်းလင်းပွဲထဲမှာ ရောက်ရှိနေတာဖြစ်ပြီး “အခု အဲဒါက ဘာအကူအညီဖြစ်မှာလဲ။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်နဲ့ ဝုလ်ဗ်စ်ပွဲစဉ်က အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူတို့တွေ အဲဒီအတွက် အမှတ်ရခဲ့လို့လား။ အဲဒါက အကူအညီမဖြစ်ပါဘူး။ ကျွန်တော်တို့ သူတို့ မှားသွားလို့ပါဆိုပြီး အမှတ်ရမှာမဟုတ်ပါဘူး။ အဲဒီတော့ တောင်းပန်လည်း အကူအညီမဖြစ်ပါဘူး။ ဘယ်သူကမှ ကွင်းထဲမှာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို မျှော်မှန်းထားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အားလုံး VAR ရောက်လာတဲ့အခါမှာ အရာအားလုံးက ပိုပြီးလွယ်ကူလာနိုင်တယ်လို့ တွေးခဲ့မိပါတယ်”

“ဘာကြောင့် VAR က လူတွေက ဒီလောက် ဖိအားတွေအများကြီးအောက်ကို ရောက်နေတာလဲဆိုတာ ကျွန်တော် မသိဘူး။ သူတို့တွေ အဲဒီဂိုးအတွက် ဒီဆုံးဖြတ်ချက်ကို တကယ်ကို လျင်လျင်မြန်မြန်ချခဲ့တယ်။ အဲဒါက ပွဲရဲ့အရှိန်အဟုန်ကို ပြောင်းလဲစေခဲ့ပြီး အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ အဲဒါက အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် ကောင်လေးတွေက အဲဒါကို ရင်ဆိုင်နိုင်အောင် အလွန်အမင်း ကောင်းမွန်တဲ့ပုံစံနဲ့ ကစားခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

The post PGMOL ရဲ့ တောင်းပန်စာအတွက် မန်ယူနိုက်တက်နဲ့ စပါးစ်ကို နှိုင်းယှဉ်ပြီး တုံ့ပြန်ခဲ့တဲ့ ကလော့ပ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post